34/35/36

443 73 7
                                    

#Unicode
အပိုင်း(၃၄)

ညနက်ချိန်တွင်...

ဝေ့စန်းက ကြယ်တာရာသင်္ဘောဆိပ်တွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်နေချိန်တွင် ရုတ်တရက် သူမ၏ညာဘက်မှ လူတစ်ယောက် ခုန်ထွက်လာခဲ့သည်။

"အတန်းဖော်လေး... နင်လည်း ဒန်မိုကလီးစ်တက္ကသိုလ်ကို လာတက်တာလား?"

တစ်ဖက်လူက သူမနှင့် အလွန်နီးကပ်နေ၍ ဝေ့စန်း အလန့်တကြားဖြင့် နောက်သို့ ခုန်ဆုတ်လိုက်မိသည်။
"နင်နဲ့ဘာဆိုင်လို့လဲ?"

တစ်ဖက်လူက စိတ်ထဲမထားဘဲ စိတ်အားထက်သန်ပြီး ကျွမ်းကျင်လိမ္မာစွာဖြင့် ပြောလာသည်။
"ငါက ဒန်မိုကလီးစ်တက္ကသိုလ်က ကျောင်းသားတစ်ယောက်ပါ... ငါတို့ကျောင်းက ငါတို့ကို အထူးဘတ်စ်ကားနဲ့ လာကြိုမှာတဲ့လေ.. ငါ လိမ်ပြောနေတာမဟုတ်ဘူး..."

"ညသန်းခေါင်ကြီး ငါတို့ကိုလာခေါ်ပြီး လိုက်ပို့ပေးမှာ?"
ဝေ့စန်းက ဤစစ်တက္ကသိုလ်က အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိသည်။

"လာနေပြီ!"
တစ်ဖက်လူက အနီးအနားမှ လူတစ်အုပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"အဲ့လူတွေက နင့်လို ကျောင်းသားသစ်တွေပဲ... အထူးဘတ်စ်ကားက နာရီဝက်တစ်ခါ လာတယ်လေ... ကျောင်းကိုရောက်တာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေယူပြီးတာနဲ့ အဆောင်ကို တန်းခနဲသွားလို့ရပြီ..."

မရင်းနှီးသည့် ဂြိုလ်သို့ရောက်လာရ၍ အထီးကျန်သည့် ခံစားချက်ကို မခံစားရသေးခင်တွင် စစ်တက္ကသိုလ်၏ ဘတ်စ်ကားပေါ်သို့ စိတ်အားထက်သန်စွာ တွန်းတင်ခြင်းခံလိုက်ရတော့သည်။ လမ်းတစ်လျှောက်တွင် စီနီယာအစ်မများက နယ်ခံဓလေ့ထုံးတမ်းများနှင့် စန်းတုဂြိုလ်၏ အထူးဟင်းလျာများအကြောင်း ရှင်းပြနေခဲ့သည်။

ညနက်နေပြီဖြစ်သော်လည်း လူအများစုက ယခုအချိန်မှရောက်လာကြသည်ဖြစ်၍ ကျောင်းတွင် မီးများ ထိန်ထိန်လင်းနေခဲ့သည်။

ဘတ်စ်ကားပေါ်မှ စီနီယာအစ်မများက သူမတို့ကို ကျောင်းဂိတ်ပေါ်ဝအထိလိုက်ပို့ပြီး နောက်ထပ် စီနီယာတစ်ဖွဲ့ထံတွင် လက်လွှဲပေးခဲ့သည်။

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now