19/20/21/22

416 76 3
                                    

#Unicode
အပိုင်း(၁၉)

နောက်ဆုံးစာမေးပွဲ၏ အဆင့်များကို အရင်ဆုံးအပြင်ထွက်လာသူများကို စဉ်ထားခြင်းဖြစ်သည်။ ဝေ့စန်းက အနည်းငယ်နောက်ကျသွားခဲ့သော်လည်း ပြန်ထွက်လာချိန်တွင် ပထမဖြစ်နေဆဲဖြစ်သည်။ ရှစ်နျန်က ထိုအကြောင်းကို သိသည်နှင့် ချက်ချင်းဆိုသလို စားပွဲအပြည့် ချက်ပြုတ်ပေးလေတော့သည်။

"ကိုယ်လည်း အကြာကြီးအလုပ်ကြိုးစားခဲ့ရတာကို.."
လီပိက မနာလိုဖြစ်စွာပြောသည်။

"ရှင့်အသက်က ဘယ်လောက်မလို့လဲ?"
ရှစ်နျန်က လီပိကို စိုက်ကြည့်ပြီးမှ ဝေ့စန်းကို နူးနူးညံ့ညံ့လေးပြုံးပြသည်။
"ရှောင်ဝေ့က ဖွံ့ဖြိုးနေတုန်းဆိုတော့ များများစားနော်..."

ဝေ့စန်း ခေါင်းငြိမ့်ပြလိုက်သည်။
"ကျေးဇူးပါ ရှစ်နျန်..."

ညစာစားပြီးနောက်တွင် ဝေ့စန်းက လီပိကို ပိုက်ဆံများစွာလွှဲပေးလိုက်ပြီး နေထိုင်စရိတ်ဟုပြောလိုက်သည်။

လီပိက မငြင်းဆန်ခဲ့ပေ။
"ပိတ်ရက်တွေမှာ ပျင်းနေလို့မရဘူးနော်... နောက်စာသင်နှစ်က ပိုပြီး ခက်ခဲလာတော့မှာ..."

"သမီးသိပါတယ်..."

ဝေ့စန်းက အားလပ်ရက် နှစ်လအတွင်း လီပိပေးသည့် အိမ်စာများကို လုပ်သည့်အပြင် ကျန်သည့်အချိန်များကို အိမ်တိုင်ရာရောက် စက်ပြင်ပေးသည့် အလုပ်လုပ်ခဲ့သည်။ လီပိက သူမ ပိုက်ဆံရှာချင်နေသည်ကို သိ၍ မတားဆီးခဲ့ချေ။ လုပ်ငန်းပါတနာများနှင့်ပင် မိတ်ဆက်ပေးလိုက်သေးသည်။ ဥပမာပြောရလျှင် သူ၏ လုပ်ဖော်ကိုင်ဘက်တစ်ယောက်ယောက် ပြင်ဆင်စရာရှိလျှင် ဝေ့စန်းကို ထောက်ခံပေးလိမ့်မည်ဖြစ်သည်။

အခြားသူများ ပြင်နိုင်သည်ဖြစ်စေ မပြင်နိုင်သည်ဖြစ်စေ ဝေ့စန်းက ပြင်နိုင်ပေသည်။ သူမ နာမည်ရလာလေလေ လူများစွာအလုပ်လာအပ်လေလေဖြစ်ပြီး တစ်လအတွင်း ကြယ်ဒင်္ဂါးခြောက်ထောင်ကျော် ရှာနိုင်ခဲ့လေသည်။

"ပြင်တာ မြန်လှချေလား?"
ဆရာတစ်ယောက်၏ မိသားစုဝင်က သူ့အိမ်သုံးပစ္စည်းကို ကြည့်ပြီး ရေရွတ်လိုက်သည်။

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now