43/44/45/46

300 64 0
                                    

#Unicode
အပိုင်း(၄၃)

ဝေ့စန်းက ကြမ်းကြုတ်တဲ့ ပန်းရောင်လူသားထံမှ တစ်ချက်တည်း အမှောက်သိပ်ခံခဲ့ရသည်။ ပို၍တိတိကျကျပြောရမည်ဆိုလျှင် သူမက ကိုယ့်လက်သီးဖြင့်ကိုယ် လွင့်သွားခြင်းဖြစ်သည်။

ဤနေရာတွင် အများကြီးမဟုတ်ဘဲ အနည်းငယ်မျှ ပိုမို အစွမ်းထက်သူတစ်ယောက်ဖြစ်ခဲ့ပါက ဤအခွင့်အရေးကိုသုံး၍ ဝေ့စန်းက်ို အနိုင်ပိုင်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း ကြမ်းကြုတ်တဲ့ ပန်းရောင်လူသားက ထိုကဲ့သို့ လူမျိုးမဟုတ်ခဲ့ပေ။ ထိုးနှက်ပြီးနောက်တွင် နောက်ထပ်တစ်ဆင့်က ဝေ့စန်း၏ခေါင်းပေါ်တက်ထိုင်ပြီး မထနိုင်အောင် လုပ်ရမည်ဖြစ်သည်။

မြေပြင်ပေါ် လဲနေတဲ့ ဝေ့စန်းလေး : "....."
ကိုယ့်အတွက်ကိုယ်ရှက်ရမလား တစ်ဖက်လူအတွက်ရှက်မလားဆိုတာ အချိန်ခဏလောက် ဝေခွဲမရဖြစ်သွားရတယ်...

မြေအောက်ပြိုင်ပွဲကွင်းပြင်မှ ထောက်ပံ့ပေးသည့် မက်ခါက ကျောင်းမှပေးသည့် မက်ခါထက် ပိုမိုကောင်းမွန်နေမည်ဟု ဝေ့စန်း မမျှော်လင့်ထားခဲ့မိပေ။

မက်ခါနှစ်မျိုးလုံးက အဆင့်Aမက်ခါဖြစ်၍ အချက်အလက်များက တူညီနေရမည်ဖြစ်သည်။ အထူးသဖြင့် ယခုလို အရေအတွက်မြောက်များစွာ ထုတ်ထားသော မက်ခါမျိုးဖြစ်သည်။ သို့သော်လည်း ကြည့်ရသည်မှာ မြေအောက်ပြိုင်ကွင်းက မက်ခါများကို ပြုပြင်ထား၍ဖြစ်ရပေမည်။

တစ်ဖက်လူ မတုန့်ပြန်နိုင်သေးခင်အချိန်အတွင်း ဝေ့စန်း ချက်ချင်း ထရပ်လိုက်သည်။ ရလဒ်အနေဖြင့် ခြေချော်ပြီး လဲမလိုဖြစ်သွားရပြန်သော်လည်း ကံကောင်းစွာဖြင့် ထိန်းချုပ်နိုင်ခဲ့လိုက်သည်။

ဤကဲ့ မက်ခါကို ပြီးပြည့်စုံအောင် မထိန်းချုပ်နိုင်သည့် ပုံစံမျိုးက လူသစ်များ၏ ပုံမှန် လက္ခဏာတစ်ခုဖြစ်သည်။ သူမ နောက်ဆုံးတွင် အဆင့်A နှင့် အဆင့်B မက်ခါများကြားရှိ အမှန်တကယ်ကွာခြားချက်ကို အပြည့်အဝနားလည်သွားခဲ့လေပြီ။ အဆင့်Bတွင် လက်နှင့် မျက်စိကို ပေါင်း၍အသုံးပြုရပြီး အရေးအကြီးဆုံးအရာက ထိန်းချုပ်ရေးခလုပ်များဖြစ်သည်။ သို့သော်လည်း အဆင့်Aကမူ စိတ်စွမ်းအင်ကို ပို၍ အလေးပေးထားလေသည်။ ဦးနှောက်က အလျှင်အမြန်လှုပ်ရှားတိုင်း မက်ကလည်း လိုက်လံလှုပ်ရှားသည်။ လက်ကသာ အမီမလိုက်နိုင်လျှင် မက်ခါကို ထိန်းချုပ်မှု ပျောက်သွားရန် အလွန်လွယ်ပေသည်။

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now