31/32/33

424 77 12
                                    

#Unicode
အပိုင်း(၃၁)

ယာယီလျှောက်လမ်းတစ်လျှောက် လျှောက်လိုက်ရင်း ဝေ့စန်း တံခါးကိုတွန်းဖွင့်၍ ဝင်လိုက်ချိန်တွင် အထဲတွင် ဆရာလေးယောက်က လေးနက်နေသော မျက်နှာထားများဖြင့် စောင့်နေကြသည်ကို မြင်လိုက်ရသည်။ စက်၏ဘေးတွင်ရပ်နေသော ဆရာနှစ်ယောက်ကို သိပ်မရင်းနှီးနေ၍ ထိုနှစ်ယောက်က ကြယ်စင်အကြီးတစ်ခုဆီမှ လာရောက် စောင့်ကြည့်ပေးကြသော ဆရာများဖြစ်လောက်ပေမည်။

"ဒီမှာလာရပ်ပေး..."

ဝေ့စန်းက စိတ်စွမ်းအင် အဆင့်တိုင်းတာပေးသော စက်ကို ငေးကြည့်နေဆဲဖြစ်၍ သူမ ဘေးမှ ဆရာတစ်ယောက်က စိတ်မရှည်ဖြစ်လာလေသည်။

ကျောင်းတွင်ရှိနေသော ဆရာအများစုက ဝေ့စန်းကိုသိကြသည်ဖြစ်၍ ဝေ့စန်း စက်ရှေ့တွင်ရပ်နေချိန်တွင် ဆရာတစ်ယောက်မှ လာရောက်နှစ်သိမ့်ပေးလေသည်။
"ဝေ့စန်း.... သမီးက ဒီနားမှာရပ်နေရုံပဲ.. အများကြီး တွေးနေစရာမလိုဘူးနော်..."

ဝေ့စန်း ခေါင်းငြိမ့်လိုက်ပြီး စက်နားသို့သွားကာ စင်ပေါ်တွင်ရပ်လိုက်ပြီး သူမရှေ့တွင်ရှိနေသော အနက်ရောင် စက်ခရင်ကို ကြည့်နေလိုက်သည်။ စခရင်၏အလယ်ခေါင်တွင် အတိုင်းအတာများ၊ အဆင့်များကို မှတ်သားထားပြီး လိမ္မော်ရောင် အလင်းစက်များနှင့် ဝန်းရံနေသော သာမိုမီတာ အကြီးစားတစ်ခု၏ပုံစံနှင့်တူသည့် အရာတစ်ခုရှိနေသည်။

သူမ ရှေ့တည့်တည့်၌ ရပ်လိုက်ချိန်တွင် ခေါင်းဆောင်းနှင့်တူသော အရာတစ်ခုက အပေါ်မှ ချက်ချင်းဆိုသလို ကျဆင်းလာပြီး ဝေ့စန်း၏ခေါင်းကို ဖုံးအုပ်သွားခဲ့သည်။

ထိုအရာသာမရှိလျှင် စက်၏ပုံစံက သူမ၏ မူလကမ္ဘာမှ ရင်ဘတ်ကို X-rays ရိုက်ရသောစက်နှင့် အနည်းငယ်တူနေသည်ဟု ဝေ့စန်း လျှောက်တွေးနေမိသည်။

သူမ စိတ်သက်တောင့်သက်သာဖြစ်သွားချိန်တွင် အင်စတီကျု့3212မှ ဆရာနှစ်ယောက်က ဖြူဖျော့နေသောမျက်နှာများဖြင့် စက်ကို စောင့်ကြည့်နေကြသည်။

ထိုလိမ္မော်ရောင်အစက်များက လုံးဝ မတုံ့ပြန်နေချေ။

စောင့်ကြည့်ပေးနေသည့်ဆရာက မျက်မှောင်ကြုတ်လာသည်။
"မင်း ဒီကိုလာပြီး မတ်တတ်ပြန်ရပ်ဦး..."

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now