47/48/49

312 53 1
                                    

#Unicode

အပိုင်း (၄၇)

ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်း၊ စာကြည့်တိုက်၊ တိုက်ခိုက်ရေးသင်တန်း...

ဝေ့စန်းက သူမ၏ ကျောင်းတက်ရက်များကို အချိန်ပြည့်အစီအစဉ်ဆွဲထားပြီး တစ်စက္ကန့်မှ အချိန်မဖြုန်းခဲ့ပေ။ သူမ ကန်တင်းသို့ပင် သိပ်မရောက်ဖြစ်ဘဲ အာဟာရပျော်ရည်ဖြင့်သာ အသက်ဆက်နေဆဲဖြစ်သည်။

ဝေ့စန်းတွင် သူမကိုယ်တိုင် မက်ခါတီထွင်ချင်သည့် အိပ်မက်တစ်ခုရှိနေ၍ သူမ ချွေတာနိုင်သမျှ ချွေတာရမည်သာဖြစ်သည်။

ဤရက်များတွင် နျဲ့ဟောက်ချီက ဝေ့စန်းနှင့်အတူ လေ့ကျင့်နေသည်ဖြစ်၍ မနက်ခင်းပိုင်း၌ စာသင်ခန်းထဲတွင် ဆုံကြလေသည်။ သူကမေးလာသည်။
"ကျောင်းပိတ်ရက် မနက်ဖြန်နေ့ခင်းကြရင်လည်း ငါနဲ့အတူ လေ့ကျင့်မှာလား?"

ဝေ့စန်းခေါင်းခါလိုက်သည်။
"ကျောင်းပိတ်ရက်တွေဆို ငါ့မှာလုပ်စရာရှိတယ်..."

နျဲ့ဟောက်ချီ စိတ်ထဲမထားဘဲ တစ်ခုခုကိုတွေးမိသွား၍မေးလိုက်သည်။
"နင် ဒီနေ့နေ့လည် ဆရာမ ချန်စီရဲ့ အပစ်အခတ်သင်ခန်းစာကို သွားတက်မှာလား?"

"သွားတက်မှာလေ... နင်ရော သွားမှာလား?"

"ဟင့်အင်း... ငါက တခြားဆရာတစ်ယောက်နဲ့လေ..."
နျဲ့ဟောက်ချီ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါကြားတာတော့ ဆရာမ ချန်စီက အရမ်းသန်မာတာတဲ့... ဖိုရမ်ပေါ်မှာ အဆင့်Aဆရာတွေ စာရင်းရှိတယ်လေ.. သူမက အပစ်အခတ်မှာ ပထမတဲ့..."

"အရမ်းသန်မာတာပဲလား..."
ထိုအချိန်တွင် ဝေ့စန်းက ထိုဆရာမက မည်သူဖြစ်ကြောင်း တစ်ချက်ပင် ရှာမကြည့်ခဲ့ပေ။

နျဲ့ဟောက်ချီက သူမကို စာနာသနားစွာကြည့်လိုက်သည်။
"ဒါပေမဲ့ သူမဆီက ခရက်ဒစ်အမှတ်တွေရဖို့ ခက်တယ်တဲ့... နင် တခြားသင်တန်းတွေပါအပ်ထားသင့်တယ်နော်.. ခရက်ဒစ်အမှတ်မလုံလောက်ရင် နောက်စာသင်နှစ်ဝက်မှာ ကျောင်းထွက်နေရလိမ့်မယ်..."

ဝေ့စန်း သူမ၏အချိန်ဇယားကိုတွေးကြည့်ပြီး ပြောလိုက်သည်။
"ငါအရင်သွားတက်လိုက်မယ်... အဆင်မပြေမှ သွားအပ်တာပေါ့..."

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now