#Unicode
အပိုင်း(၄၀)ကြယ်တာရာကွန်ယက်တစ်ခုလုံးက စန်းတုကြယ်က ဝေးလံခေါင်းပါးသော ပတ်ဝန်းကျင်တွင် တည်ရှိနေသည်ဟု ဆိုကြသော်လည်း ဝေ့စန်း၏မျက်လုံးထဲတွင် အတော်လေး ကြီးမားပြီး တိုးတက်ဖွံ့ဖြိုးနေဆဲဖြစ်သည်။ လမ်းများက ကြယ်စင် 3212ထက် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းနေသည်။ လေထဲတွင် ယာဉ်ပျံအကြီး အငယ်မျိုးစုံရှိနေပြီး တိုက်ခိုက်ရေး မက်ခါမျိုးစုံပင် ရှိနေသေးသည်။
ဝေ့စန်း မူးဝေနေလေသည်။ သူမ ကျောင်းဂိတ်ပေါက်မှထွက်လာပြီးနောက်တွင် အချိန်ခဏမျှသာလမ်းလျှောက်နိုင်သည်။ ထို့ကြောင့် လမ်းဘေးတွင် ငြိမ််ငြိမ်လေးရပ်နေကာ ကောင်းကင်ပေါ်သို့ အချိန်အတော်ကြာသည်အထိမော့ကြည့်နေပြီး သူမအပေါ်မှ ဖြတ်ပျံသွားသည့် မက်ခါတိုင်းကို ပစ်ချချင်နေသည်။
မိခင်ဖြစ်သူနှင့်အတူ လမ်းလျှောက်ရင်း ဆော့ကစားနေသည့် ကလေးတစ်ယောက်က သူမကို အချိန်အတော်ကြာအောင်ကြည့်နေပြီးမှ သူ့အမေလက်ကိုဆွဲပြီး ပြောလိုက်သည်။
"မေမေ... ဒီမမကြီးက ရူးနေတာ..."မိခင်ဖြစ်သူလည်း ကိုယ်ကလေးကို ပါးစပ်အုပ်လိုက်ပြီး ချီမ၍ခေါ်သွားလေတော့သည်။
ဝေ့စန်း အကြည့်များကို အောက်ပြန်ချပြီး လမ်းဆက်လျှောက်လိုက်သည်။ သူမ ကျောင်းဖိုရမ်တွင် ရှာဖွေစူးစမ်းပြီးပြီဖြစ်သည်။ စန်းတုကြယ်ပေါ်တွင် တုမာလမ်းဟူသော ဈေးလမ်းတစ်ခုရှိပြီး ထိုနေရာတွင် အရာရာတိုင်းက ရောင်းချသည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်း များစွာရှိသည်ဟု ပြောနိုင်သည်။
သူမ တုမာလမ်းသို့ ရောက်သည်နှင့် လူများစွာရှိနေသည်ကို မြင်လိုက်ရသည်။ လမ်းထဲဝင်လိုက်သည်နှင့် မက်ခါလက်နက်များကို အသွင်ပြောင်းပေးသည့် မက်ခါအဆက်များကို ပြောင်းပေးသည့် ဆိုင်မျိုးစုံကို မြင်လိုက်ရသည်။ "မက်ခါ အလှပြုပြင်ရေး"ဟူသော ဆိုင်ကိုပင်မြင်လိုက်ရသေးသည်။ အနီးကပ်ကြည့်လိုက်ချိန်တွင် မက်ခါများကို တက်တူးထိုးပေးခြင်းနှင့် အရောင်ဆိုးပေးခြင်းဖြစ်ကြောင်း မြင်လိုက်ရသည်။
YOU ARE READING
အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်
ActionEng name - Smash All Pots and Pans To Go To School Author(s) Hong Ci Bei 红刺北 Status in COO 337 Chapters ဝေ့စန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကူးပြောင်းလာပြီးနောက်မှာ မက်ခါတိုက်ခိုက်ရေးပညာရှင်ဖြစ်လာတဲ့ အကြောင်းလေးပါ ဖတ်ရင်းနဲ့ တခွိခွိရယ် တဟိဟိရယ် တဟား...