50

199 42 6
                                    

#Unicode
အပိုင်း (၅၀)

ကျောင်းပိတ်ရက် ရောက်သည်နှင့် ဝေ့စန်း မြေအောက်ပြိုင်ပွဲကွင်းပြင်သို့ သွားခဲ့သည်။ မြေအောက်ပြိုင်ပွဲကွင်းပြင်တွင် အလကားစားသောက်ရမည်ဖြစ်၍ သူမ မနက်ခင်းပိုင်း၌ အာဟာရပျော်ရည်ကို မသောက်ခဲ့ချေ။

ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်တွင် ဝေ့စန်းက ကျပန်းလူများစွာကို အနိုင်ယူပြီး အမှတ် 100အပြည့်စုကာ L1သို့ အဆင့်မြှင့်ရန် ပြင်လေတော့သည်။

တစ်ပတ်ကြာသည်အထိ အသားကျအောင် လေ့ကျင့်ပြီးနောက်တွင်  ဝေ့စန်းက ယခုအချိန်၌ အဆင့်A မက်ခါများအကြောင်း အတော်လေးနားလည်နေပြီဖြစ်သည်။ လက်သီးနှစ်ဖက်ကို အချင်းချင်းထိုးမိခြင်းနှင့် ချော်လဲခြင်းတို့ကဲ့သို့  မဖြစ်တော့ပေ။ L0တွင် လူသစ်များစွာ ရှိနေသည်ဖြစ်၍ သိပ်မကြာခင်၌ အမှတ် 30ရလာခဲ့သည်။

[L1အဆင့်ကို ခုန်ကျော်ပြီး စိန်ခေါ်နိုင်ဖို့ အရည်အချင်းသတ်မှတ်ချက် ပြည့်မီသွားတဲ့အတွက် ဘဝကြီးကို ဒူးထောက် ဂါရဝပြုနေတယ်ကို ဂုဏ်ပြုပါတယ်... စိန်ခေါ်ရန်ရွေးချယ်မည်လား : ရွေးချယ်မည် vsမရွေးချယ်ပါ]

ထိုစာကြောင်းကို အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးမှ နောက်ဆုံးတွင် ဝေ့စန်း စိန်ခေါ်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ မည်သို့ပင်ဆိုစေ သူမရှုံးနိမ့်ခဲ့လျှင်ပင် အမှတ်များသာလျော့မည်ဖြစ်ပြီး ပိုက်ဆံလျော့မည်မဟုတ်ချေ။ ယခုတွင် သူမ အမှန်တကယ် တိုက်ခိုက်ရန် လိုအပ်လာပြီဖြစ်ပြီး အနိုင်ရလျှင် ကြယ်ဒင်္ဂါး 20,000ဆုရမည်ဖြစ်ပေသည်။

[ပြိုင်ပွဲနယ်မြေ 065 : ဘဝကြီးကို ဒူးထောက်ဂါရဝပြုနေတယ် vs လောင်ကျစ်နိုင်မှာ]

ပြိုင်ပွဲစာရင်းက ခဏအကြာတွင် ထွက်ပေါ်လာခဲ့သည်။ ဝေ့စန်းက ပုံမှန်အတိုင်း စောင့်ဆိုင်းဧရိယာဆီသို့ သွားလိုက်သည်။ ပြိုင်ပွဲနယ်မြေ 065တွင် တိုက်ခိုက်နေကြသော လူများ ရှိနေသေးသည်။ သူမ ထိုင်ခုံပေါ်တွင် မှီ၍အနားယူလိုက်သည်။ မြေညီထပ်ရှိ ပြိုင်ပွဲနယ်မြေများက L0နှင့် L1များ ယှဉ်ပြိုင်ရသည့် အထပ်ဖြစ်သည်။  ဝေ့စန်းက အဆင့်ကျော်သည့် ပြိုင်ပွဲအတွက် ပုံသေသတ်မှတ်ထားသည့် ပြိုင်ပွဲနယ်မြေတွင်ဖြစ်သည်။ သူမ အလင်းမျက်နှာပြင်ပေါ်မှမက်ခါနှစ်ခုကို ခဏမျှကြည့်နေလိုက်သည်။ ပြိုင်ပွဲရလဒ်က မြင်နိုင်လုနီးနီးဖြစ်နေပြီဖြစ်သည်။ တစ်ဖက်လူ အဆင့်တက်ရန် ကျရှုံးတော့မည်ဟု ခန့်မှန်း၍ရပေသည်။

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now