3

421 72 0
                                    

#Unicode
အပိုင်း(၃)

ဒီတစ်လလုံး သူမဗိုက်အရမ်းဆာနေခဲ့ရ၍ အတွေးများပါ နှေးကွေးနေခဲ့ရသည်။ နေ့တိုင်း နေ့တိုင်း အစားအသောက်များအကြောင်းသာ အတွေးထဲပြည့်နေခဲ့သည်။

ဝေ့စန်းက မူလကိုယ်ထက် ပို၍နာကျင်နေရသည်။ ဤကလေးမမှာ မွေးကတည်းက ကောင်းသည့်အရာများကို မမြင်ဖူးခဲ့ပေ။ သူမက ဤကလေးမနှင့်မတူချေ။ သူမ၏မူလကမ္ဘာတွင် မရေမတွက်နိုင်သည့် အရသာရှိလှသော အစားအသောက်များရှိသည်။ လူတစ်ယောက်ဗိုက်ဆာလာလျှင် ထိုလူ၏စိတ်ထဲ၌ အမျိုးမျိုးသော အစားအသောက်များ ပြည့်သွားတတ်သည်။ သူမ ပိုတွေးလေလေ ပိုဗိုက်ဆာလေလေဖြစ်သည်။ သူမကိုယ်သူမ  စိတ်ပိုင်းဆိုင်ရာလှည့်စားမှုမျိုး မရေမတွက်နိုင်အောင် လုပ်ခဲ့ရသည်။

မြေကြီးပေါ် ခဏထိုင်ချလိုက်ပြီးချိန်တွင် အမှိုက်ပုံမှ အာဟာရပျော်ရည်များ ထပ်သွားယူရန် ဆုံးဖြတ်ချက်ချလိုက်သည်။

အာဟာရပျော်ရည်ကားကြီး ငါးစီးဆိုသည်မှာ သေးငယ်သည့် ဂဏန်းတစ်ခုမဟုတ်ပေ။ အမှိုက်ပုံတွင် နေထိုင်ကြသည့်လူတိုင်း ရှိနေလျှင်ပင် အကုန်လုံးကို ယူသွားနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ယနေ့တွင် အမှိုက်ပုံ၌ ဟန်ချက်ညီညီရှိနေပြီး လူတိုင်းက အာဟာရပျော်ရည်များကိုသယ်ရင်း အလုပ်ရှုပ်နေကြသည်။

ဝေ့စန်းက သွားလိုက်ပြန်လိုက် လေးကြိမ်လောက်လုပ်လိုက်သည်။ ပူပြင်းလှသည့်နေရောင်အောက်တွင် မနက်မှညအထိ ၄၈ဘူးရအောင် ကြိုးကြိုးစားစားသယ်ယူခဲ့ပြီး သူမ၏အိတ်ကပ်များထဲတွင်လည်း ကွဲနေသော အာဟာရပျော်ရည်များစွာ ပြည့်နေသည်။

ညနေခင်းတွင် အသီးအရသာ အာဟာရပျော်ရည်နှင့် အသီးအရွက်အရသာ အာဟာရပျော်ရည်တို့ကို ညစာအဖြစ်သောက်သုံးခဲ့သည်။ တစ်လလုံး စွဲကပ်နေခဲ့သည့် ဆာလောင်မှု ပပျောက်သွားသည်။ သူမ နှိုးစက်နာရီ၏ခြေထောက်တစ်ဖက်ကို ပြန်ပြင်လိုက်ပြီး လှဲလျောင်းရင်းအနားယူလိုက်သည်။

နောက်တစ်နေ့တွင်လည်း နှိုးစက်နာရီမမြည်ခင်အထိ ပုံမှန်အတိုင်း မနက်လေးနာရီအထိအိပ်စက်ခဲ့သည်။ ဝေ့စန်းနိုးလာချိန်တွင် အတော်လေး စိတ်ပျော်ရွှင်နေလေသည်။ သူမ အမှိုက်ပုံသို့သွားရန် ဆက်လက်ပြင်ဆင်လိုက်သည်။ ယခုအချိန်တွင် သွားရသည့် ရည်ရွယ်ချက်က အာဟာရပျော်ရည်အတွက်မဟုတ်တော့ဘဲ မနက်နှစ်နာရီတွင် လာရောက်စွန့်ပစ်သည့် အမှိုက်များအတွက်ဖြစ်သည်။

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now