23/24/25/26

487 86 12
                                    

#Unicode
အပိုင်း(၂၃)

ဝေ့စန်း၏ အတန်း မက်ခါလေ့ကျင့်ရေးအချိန် အလှည့်ရောက်ချိန်တွင် ဝေ့စန်းလည်းအတော်လေး စိတ်လှုပ်ရှားနေခဲ့ရသည်။ သူမအတွက်လည်း တိုက်ခိုက်ရေးမက်ခါကို ပထမဆုံးအကြိမ် ကိုင်တွယ်ဖူးခြင်းဖြစ်လေသည်။ အဆင့်B မက်ခါဖြစ်သော်လည်း ဝေ့စန်းက မက်ခါများကို အလွန်ကြိုက်နှစ်သက်သူဖြစ်နေ၍ အတော်လေးစိတ်လှုပ်ရှားနေရပါသေးသည်။

"ပထမဆုံး မက်ခါရဲ့ အဓိကအစိတ်အပိုင်းတွေကို သိထားရမယ်..."
လီပိက မီးခိုးစိမ်းရောင် မက်ခါ၏ အပြင်ပိုင်းအစိတ်အပိုင်းများကို ညွှန်ပြပြီး တစ်ခုချင်းမိတ်ဆက်ပေးပြီးနောက်တွင် light brainကိုဖွင့်၍ မက်ခါ၏အတွင်းပိုင်း ထိန်းချုပ်ခန်းကို ပရိုဂျက်တာဖြင့်ပြလိုက်သည်။
"ထိန်းချုပ်ခန်းမှာက ဦးနှောက်ကိုဆက်သွယ်ထားမှုနဲ့ လက်နဲ့ ထိန်းချုပ်ရတာတွေရှိတယ်... ဒါကြောင့်မလို့ မက်ခါတစ်ယောက်အတွက် စိတ်စွမ်းအင်ဆင့်နဲ့ လက်ရဲ့အလျှင်ကအရေးကြီးရတာပဲ...."

လူတိုင်းက လီပိ၏ရှင်းပြချက်ကို မကြားလိုက်ရမည်စိုးနေဟန်ဖြင့် အသက်ပင်ရဲရဲမရှူရဲကြပေ။

"မင်းတို့တွေ သေချာမှတ်ထားကြရဲ့လား?"
လီပိ မိတ်ဆက်စကားဆိုပြီးနောက်တွင် တစ်နေ့နေ့ကိုနှိပ်လိုက်ပြီး ထိန်းချုပ်ခန်းတံခါးပွင့်လာတော့သည်။
"မင်းတို့ကိုယ်တိုင် ထိန်းချုပ်ကြည့်တဲ့ အတွေ့အကြုံက အကောင်းဆုံးပဲ... အခု ကိုယ့်ရဲ့ ကျောင်းသားနံပါတ် အလိုက်လူစဉ်ထားကြ.. လူတိုင်းမှာ လေ့ကျင့်ဖို့ ဆယ့်ငါးမိနစ်ဆီရမယ်... 108009 လာခဲ့..."

ကျောင်းသားနံပါတ်များကို တန်းခွဲနံပါတ်နှင့် ပထမဆုံး စာသင်နှစ်အစတွင် ကိုယ်ရပ်နေခဲ့သည့် အတန်းအပြင် ပထမဆုံးစာမေးပွဲဖြေပြီး‌နောက်တွင် ရလာသည့်အဆင့်များကို သုံးခြင်းဖြစ်သည်။ အတန်းပျောင်းသွားသည့်ကျောင်းသားများနှင့် သေဆုံးသွားသည့်ကျောင်းသားများ၏ နံပါတ်စဉ်များကို မသုံးကြတော့သော်လည်း ပထမဆုံးအကြိမ်တွင် မိမိရထားခဲ့သော ကျောင်းသားနံပါတ်ကိုဆက်သုံးကြရသည်။

လူတိုင်းက 108009ကို မနာလိုဖြစ်စွာကြည့်လိုက်ကြသော်လည်း ခဏအကြာတွင် မက်ခါကို ထိန်းချုပ်ခြင်းမှာ ထင်ထားသလောက်မလွယ်ကြောင်း တွေ့လိုက်ကြရသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက်တွင် 108009က မက်ခါကို ခြေတစ်လှမ်းပင် မနည်းမြှောက်လိုက်ရကြောင်း မြင်လိုက်ကြရသည်။ ထိန်းချုပ်ခန်းမှထွက်လာချိန်တွင် ထိုလူက ချွေးများစိုရွှဲနေလေတော့သည်။

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now