#Unicode
အပိုင်း(၂)သူမ စမ်းသပ်ဖန်ပြွန်ကို ကောက်လိုက်ပြီး ပါးစပ်ထဲလောင်းထည့်လိုက်သည်။ နေ့တစ်ဝက်လောက်ကြာသွားမှ အာဟာရပျော်ရည်တစ်စက် ပြုတ်ကျလာတော့သည်။
ဝေ့စန်းတစ်ယောက် ဘာအရသာလဲလို့ တွေးကြည့်လိုက်ပြီး စတော်ဘယ်ရီအရသာ အာဟာရပျော်ရည်ဖြစ်ကြောင်း သိလိုက်ရသည်။
အချိန်အကြာကြီး ဗိုက်ဆာလာခဲ့ရသည့် ခံစားချက်က ရုတ်တရက်ကြီး လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။
အာဟာရပျော်ရည်က ကောင်းသည့်အရာပင်။ ဗိုက်ပြည့်လွယ်သည်။ ကံဆိုးစွာဖြင့် တစ်စက်တည်းရှိနေခဲ့သည်။
အာဟာရပျော်ရည် ပုလင်းတစ်ဝက်သာရှာတွေ့နိုင်မည်ဆိုလျှင် တစ်နေ့လုံး ဗိုက်ဆာတော့မည်မဟုတ်ပေ။
သူမ စဉ်းစားနေချိန်တွင် သူမခေါင်းပေါ်မှ စူးရှရှအလင်းတန်းတစ်ခု ထွက်လာလေသည်။ ဝေ့စန်း မော့ကြည့်လိုက်ချိန်တွင် အမှိုက်ကားပျံတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
ပုံမှန်ဆိုလျှင် အမှိုက်ကားပျံက မနက်နှစ်နာရီတွင်လာတတ်သည်ဖြစ်ပြီး ယခု မနက်လေးနာရီတွင် ရောက်လာသည်ဖြစ်၍ ထူးဆန်းလှပေသည်။
အမှိုက်ကားပျံတွေ လာနေတုန်းဆိုတာ ဖြစ်နိုင်ပါ့မလား?ဝေ့စန်း နောက်ထပ်မစဉ်းစားနိုင်ခင် နောက်ထပ် အမှိုက်ကားပျံများ ထွက်ပေါ်လာသည်။ သူမ၏အိတ်ကို ချက်ချင်းဆွဲလိုက်သည်။ ဤ အမှိုက်ကားပျံများက အောက်တွင် လူရှိရှိမရှိရှိ ဂရုမစိုက်တတ်ပေ။ နှစ်တိုင်း အမှိုက်များကို လူအချို့ပေါ် တိုက်ရိုက်ပစ်ချမိ၍ သေကြသည့်လူများရှိသည်။
အမှိုက်ပုံထောင့်တွင် ပုန်းနေရင်း ကောင်းကင်တွင် အမှိုက်ကားပျံ ငါးစင်းက ဝိုင်းပတ်နေကြပြီး ၎င်းတို့၏နံဘေးတွင် လေယာဉ်လေးတစ်စင်းရှိနေသည်။
လေယာဉ်လေး၏ အရှေ့ဘက်ပြတင်းပေါက်တွင် အဖြူရောင်အလင်းတန်းတစ်ခု အဆက်မပြတ် လင်းလက်နေသည်။ ၎င်း၏ ကြိမ်နှုန်းက ကမ္ဘာပေါ်တွင် မီဒီယာများအသုံးပြုသော ကင်မရာများကို သတိရသွားစေမိသည်။
YOU ARE READING
အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်
ActionEng name - Smash All Pots and Pans To Go To School Author(s) Hong Ci Bei 红刺北 Status in COO 337 Chapters ဝေ့စန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကူးပြောင်းလာပြီးနောက်မှာ မက်ခါတိုက်ခိုက်ရေးပညာရှင်ဖြစ်လာတဲ့ အကြောင်းလေးပါ ဖတ်ရင်းနဲ့ တခွိခွိရယ် တဟိဟိရယ် တဟား...