#Unicode
အပိုင်း(၃၇)ဒန်မိုကလီးစ်စစ်တက္ကသိုလ်က တနင်္လာနေ့မှ သောကြာနေ့အထိ အပြင်ထွက်ခွင့် လုံးဝပိတ်ထားခြင်းနှင့် လေ့ကျင့်ရေးကွင်းများစွာ ရှိနေသည်မှလွဲ၍ သူမ၏မူလကမ္ဘာမှ တက္ကသိုလ်များနှင့် အတော်လေးဆင်တူပေသည်။
စစ်တက္ကသိုလ်၏ လေ့ကျင့်ရေးကွင်းများက ကြယ်စင်3212မှ လေ့ကျင့်ရေးကွင်းနှင့် လုံးလုံးလျားလျား ကွဲပြားလေသည်။ ကျောင်းသားများ လေ့ကျင့်ရန် ခန်းမများဖွင့်လှစ်ပေးထားသည်သာမက ပုံရိပ်ယောင် များဖြင့်တိုက်ခိုက်ရန်အတွက် ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းများလည်း ရှိနေသည်။ အတိုချုံးပြောရလျှင် နည်းပညာနှင့် ပိုက်ဆံပမာဏက ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းများတွင် သိသိသာသာရော မသိမသာပါ ရောင်ပြန်ဟပ်နေသည်။
ဝေ့စန်းက ကျောပိုးလွယ်အိတ်ကိုလွယ်ရင်း စာသင်ခန်းထဲဝင်လိုက်သည်။ သူမ ထိုင်ချလိုက်သည်နှင့် ယာယီရွေးချယ်ခံထားရသော အခန်းမော်နီက သူမတို့ဖြည့်ရမည့် ဖောင်များကို ဝေလေသည်။
ဤနေ့များတွင် အတန်းစတက်မရသေးသော်လည်း သူမဖြည့်ခဲ့ရသည့် ရှုပ်ထွေးလှသော ဖောင်များ များစွာရှိနေပြီဖြစ်သည်။
"ဖြည့်ပြီးရင် ငါ့ကိုလာပေးကြနော်... ပြီးတာနဲ့ မက်ခါပြိုင်ကွင်းထဲကို တစ်ခါတည်းဆက်သွားကြမှာ... ဆရာက ငါတို့ကို ဟိုမှာစောင့်နေတယ်..."
မော်နီတာက ဖောင်များကို လိုက်သိမ်းရင်း ပြောသည်။ချက်ချင်းသဘောပေါက်သွားသော ကျောင်းသားတစ်ယောက်က အချိန်မဆိုင်းဘဲ စိတ်လှုပ်တရှားထမေးသည်။
"မက်ခါပြိုင်ကွင်းထဲကိုသွားရမှာဆိုတော့... မက်ခါတွေပေးတော့မှာလား?"ထိုမေးခွန်းက လူတိုင်း၏ အာရုံကို ချက်ချင်းဖမ်းစားသွားနိုင်သည်။
မော်နီတာက ခေါင်းခါလိုက်သည်။
"ငါလည်းမသိဘူး... အဲ့လိုပဲ ဖြစ်လောက်မယ်....""ငါတို့ကို တကယ်ပေးကြမှာလား? နောက်ဆုံးတော့ ငါ့မှာ ကိုယ်ပိုင်မက်ခါလေးရှိတော့မှာပဲ..."
"ပေးရုံတင်မဟုတ်ဘူး... ကိုယ့်ဘာသာရွေးလို့ရတယ်လို့ ပြောတာတောင်ကြားလိုက်သေးတယ်..."
YOU ARE READING
အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်
ActionEng name - Smash All Pots and Pans To Go To School Author(s) Hong Ci Bei 红刺北 Status in COO 337 Chapters ဝေ့စန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကူးပြောင်းလာပြီးနောက်မှာ မက်ခါတိုက်ခိုက်ရေးပညာရှင်ဖြစ်လာတဲ့ အကြောင်းလေးပါ ဖတ်ရင်းနဲ့ တခွိခွိရယ် တဟိဟိရယ် တဟား...