#Unicode
အပိုင်း(၁၀)ခုနစ်နှစ်ကြာပြီးနောက်တွင် ဝေ့စန်းက ဆင်းရဲသည့် ဝေ့စန်းလေးဖြစ်နေဆဲပင်။ သူမက ချမ်းသာနိုင်မည့်နည်းလမ်းကို လုံးဝရှာမတွေ့သေးပေ။
ကမ္ဘာကြီးက သောက်ရမ်းကို ကြမ်းတမ်းခက်ခဲလှသည်။ သိပ္ပံနှင့် နည်းပညာများ အလွန်အမင်း ဖွံ့ဖြိုးနေသည်ဖြစ်၍ ဝေ့စန်းလုပ်နိုင်သည့် အလုပ်ဟူ၍ မရှိသလောက်ရှားလေသည်။ မြို့ကိုသွားပြီး ပထမဆုံးအနေဖြင့် သုံးဘီးစက်ဘီးလေးကို ရောင်းထွက်ခဲ့သည်မှာလည်း ချင်ခဲ့၏ စပ်စုချင်စိတ်ကြောင့်သာဖြစ်သည်။ နောက်ပိုင်းတွင် ချင်ခဲ့က မဝယ်ချင်တော့ဟု ပြောခဲ့သည်။
ပိုဆိုးသည်မှာ ကျောင်း၌ ချင်ခဲ့နားကပ်ပြီး ပိုက်ဆံအချို့ညှစ်ထုတ်ချင်ခဲ့ပါသော်လည်း အမြဲတမ်း "ငါသိပြီးသား..."ဟူသောစကားကိုပြောပြီး ခက်ခဲနက်နဲလှသော မျက်နှာအမူအရာကိုလုပ်ပြရင်း လက်ထဲတွင် မုန့်များပိုက်၍ ထွက်သွားလေ့ရှိသည်။
သူမက အလွန်ငယ်ရွယ်သေးသည်ဖြစ်ရာ ဈေးဆိုင်များတွင်လည်း အလုပ်မလုပ်နိုင်ပေ။ အားလပ်ရက်များတွင် အိမ်သုံး စက်ပစ္စည်းများကို ပြန်လည်ပြင်ဆင်ပေးရင်း အသက်ဆက်ရှင်နေခဲ့ရသည်။
သို့သော် အိမ်သုံးစက်ပစ္စည်းအများစုက အာမခံပါသည်ဖြစ်၍ သူမ ပြုပြင်ပေးနိုင်သည့် အခွင့်အရေးက နည်းပါးလှ၍ ပိုက်ဆံအနည်းငယ်သာရှာနိုင်သည်။
သူမ တကယ့်အလုပ်တစ်ခုကိုရချိန်အထိ စောင့်ရပေဦးမည်။
စာသင်နှစ်တစ်ခုစီအတွက် စာသင်စရိတ်အပြင် နေ့စဉ်စားသောက်ရသည့် အစားအသောက်များနှင့် သူမ၏ လျှပ်စစ်စက်ဘီးလေးအတွက် စွမ်းအင်ကုန်ကျငွေကြောင့် ဝေ့စန်းက ကြပ်တည်းသောဘဝကိုနေထိုင်နေရသည်။ သူမက အမှိုက်ပုံနားက အဆောက်အဦဟောင်းမှ မထွက်သွားခဲ့သော်လည်း သူမနေထိုင်သည့် ပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ရန် အိမ်ထောင်ပရိဘောဂအဟောင်းများကို ထပ်ထည့်ခဲ့သည်။
ဤသို့ဖြစ်နေသော်လည်း ဝေ့စန်းက သူမ မက်ခါအင်ဂျင်နီယာဌာနကို ဝင်နိုင်ရန်အတွက် ကိုယ့်ဘာသာစာလေ့လာရသည်ကို လက်မလျှော့ခဲ့ပေ။ သူမက စာကြည့်တိုက်တွင်ရှိသော မက်ခါနှင့်ပတ်သတ်သမျှ စာအုပ်တိုင်းကို ဖတ်ခဲ့သည်။ ကုန်ကြမ်းများဖြင့် စမ်းသပ်ရန် မတတ်နိုင်၍ စိတ်ထဲတွင်သာ အစမ်းလုပ်ခဲ့သည်။
YOU ARE READING
အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်
ActionEng name - Smash All Pots and Pans To Go To School Author(s) Hong Ci Bei 红刺北 Status in COO 337 Chapters ဝေ့စန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကူးပြောင်းလာပြီးနောက်မှာ မက်ခါတိုက်ခိုက်ရေးပညာရှင်ဖြစ်လာတဲ့ အကြောင်းလေးပါ ဖတ်ရင်းနဲ့ တခွိခွိရယ် တဟိဟိရယ် တဟား...