52

168 37 8
                                    

#Unicode
အပိုင်း (၅၂)

ဝေ့စန်း စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ သူမ မက်ခါကိုပြန်ရချိန်တွင် နှလုံးသွေးများပင် တစ်စက်စက်ယိုစီးကျလာရသည်။ မက်ခါတစ်ခုလုံး ဆိုးဆိုးရွားရွားပျက်စီးသွားပြီး ပြိုင်ပွဲပြီးသည်နှင့် ပြန်ပြင်မှရတော့မည်ဖြစ်သည်။

ခွန်အားမရှိလျှင် မက်ခါများပင် ကောင်းမွန်စွာ အကာအကွယ်ခံရမည်မဟုတ်ပေ။ သူမက မက်ခါကို ကောင်းမွန်စွာ မကာကွယ်ပေးနိုင်၍ ပြန်ပြင်ရန် ပိုက်ဆံသုံးရတော့မည်ဖြစ်သည်။ သူမ ပိုက်ဆံတစ်ခါသုံးလိုက်သည်နှင့် သူမ၏အိပ်မက်လေးက သူမနှင့် ပို၍ဝေးသွားတော့မည်ဖြစ်သည်။

ဝေ့စန်း အတွေးနစ်သွားမိပြီး သူမ၏ ခွန်အားကို သေချာပေါက်မြှင့်တင်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ဝေ့စန်း ယနေ့အတွက် ဆက်လက်ယှဉ်ပြိုင်၍မရတော့ချေ။ ဗိုက်ပြည့်အောင် စားသောက်လိုက်ပြီးနောက်တွင် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်သော နေရာသို့သွားလိုက်ပြီး မြေညီထပ်တွင်  မက်ခါများကို အသွင်ပြောင်းနိုင် ပြုပြင်နိုင်သော နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။

ဝေ့စန်း မက်ခါပြုပြင်ရေးဆိုင်သို့သွားလိုက်ပြီး သူမ၏မက်ခါကိုထုတ်လိုက်ကာ ပြန်ပြင်ရန် မည်မျှကုန်ကျမည်ဖြစ်ကြောင်း မေးလိုက်သည်။

ဆိုင်ရှင်က မျက်စိ တစ်ချက်ဆွေကြည့်လာပြီး ပြောလိုက်သည်။
"ကြယ်ဒင်္ဂါး 100,000...."

"100,000?"
ဝေ့စန်း အလွန်ဈေးကြီးသည်ဟု ခံစားလိုက်ရသည်။

"ပထမဆုံးပြင်ဖူးတာလား?"
ဆိုင်ရှင်က သူမ၏မက်ခါကို အပေါ်အောက် စုံဆန်ကြည့်လိုက်သည်။
"ပထမဆုံး ပြင်ဖူးတာဆိုရင် မြေအောက်ပြိုင်ပွဲကွင်းပြင်ဘက်က 50%လျှော့ဈေးပေးတယ်..."

၎င်းကလည်း အလွန်ဈေးကြီးလွန်းနေသေးသည်။ ဝေ့စန်း တုံ့ဆိုင်းနေမိလေသည်။

"ကျွန်မ ဒီနားလေးပဲပြင်မယ်..."
ဝေ့စန်း မက်ခါ၏ drive နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။
"ကြယ်ဒင်္ဂါး 5,000ဆိုရင် ဘယ်လိုလဲ?"

ဆိုင်ရှင်က မျက်လုံးသာ လှိမ့်ပြလိုက်သည်။
"ငါးထောင်တဲ့လား? ပစ္စည်းတွေအတွက် ကုန်ကျစရိတ်က ဘယ်လိုလုပ်မှာလဲ?"

You've reached the end of published parts.

⏰ Last updated: Aug 30 ⏰

Add this story to your Library to get notified about new parts!

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now