7/ 8/9

442 76 4
                                    

#Unicode
အပိုင်း(၇)

မနက်ငါးနာရီတွင် ပြေးဆွဲသည့် ဘတ်စ်ကားက အမှိုက်ပုံမှ အင်စတီကျု့3212အထိ ဆယ်မိနစ်သာ ကြာပြီး အလွန်မြန်လှသည်။

ဝေ့စန်း ရောက်လာချိန်တွင် မှောင်နေဆဲဖြစ်ပြီး ကျောင်းဂိတ်ပေါက်၌ မည်သူမျှမရှိသေးပေ။ ငါးနာရီခွဲတွင် လူများ တဖွဲဖွဲရောက်လာလေသည်။

ခြောက်နာရီအတိတွင် ဆရာတစ်ယောက် ထွက်လာခဲ့သည်။

"လူတိုင်း အတန်းဆယ်တန်းဖြစ်အောင်စီပြီး ဆရာ့နောက်လိုက်ခဲ့မယ်..."

လူတန်းကြီးက အလွန်ရှည်လျားလှသည်။ ကျောင်းသား ငါးထောင် ခြောက်ထောင်လောက်ရှိမည်ဟု ဝေ့စန်းခန့်မှန်းမိလိုက်သည်။

ဆူညံပွက်လောရိုက်နေပြီးနောက်တွင် လူတန်းများစီပြီးပြီဖြစ်သည်။ ဆရာက ကျောင်းသားများကိုကြည့်လိုက်ပြီး အော်လိုက်သည်။
"လိုက်ခဲ့ကြ..."

ဆရာက သူမတို့ကို ကျောင်းကစားကွင်းထဲခေါ်သွားပြီး ရပ်နေလိုက်သည်။ ကျောင်းကစားကွင်းထဲရှိ စင်မြင့်ပေါ်တွင် အခြား ဆရာကိုးယောက်ကလည်း ရပ်စောင့်နေကြသည်။

ဆရာဆယ်ယောက်က တစ်တန်းတည်းရပ်နေကြပြီး အသံတိုးတိုးနှင့် ခဏလောက်ဆွေးနွေးလိုက်ကြသည်။ ထို့နောက်တွင် ဆရာတစ်ယောက်က စင်အလယ်တွင်ရပ်ပြီး ကျောင်းသားများကိုပြောလိုက်သည်။
"အင်စတီကျု့ 3212ကနေ ကြိုဆိုပါတယ်... ဒီနေ့ကစပြီး မင်းတို့တွေအကုန်လုံးက ရာထူးတိုးဖို့ ခက်ခဲကြမ်းတမ်းတဲ့လမ်းကို စတင်လျှောက်လှမ်းရတော့မှာ ဖြစ်ပါတယ်..."

ဝေ့စန်းက စင်မြင့်ပေါ်တွင်ရှိနေသော ဆရာဆယ်ယောက်ကိုကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။ ဤကမ္ဘာရှိ ဆရာများက အလွန်တက်ကြွကြပြီး ရှည်လျားသောခြေတံများနှင့် မတ်နေသော ခါးများရှိကြသည်။ သူမ၏ကမ္ဘာတွင် ထိုကိုယ်ဟန်များက စစ်သားများတွင်ရှိတတ်ကြသည်ဖြစ်သည်။

"မင်းတို့တွေထဲက ဘယ်နှယောက်လောက်က အဆုံးထိအသက်ရှင်ကျန်ရစ်မလဲဆိုတာ မသိတာကြောင့် တစ်နေ့မှာ မင်းတို့ရဲ့အသက်ကို ကယ်သွားလောက်နိုင်တဲ့ လေ့ကျင့်ရေးတိုင်းကို ကျေးဇူးပြုပြီး ကြိုးစားပေးကြပါ... "
ဆရာရဲ့ ထက်ရှနေတဲ့ မျက်ဝန်းအစုံက ဘယ်နှင့်ညာ ရွေ့လျားနေသည်။
"မင်းတို့ ဒဏ်ရာတွေရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး စာသင်နှစ်ဆုံးတိုင်းမှာ ကျောင်းဘက်က စာနာထောက်ထားသောအားဖြင့် ကြယ်ဒင်္ဂါးတွေထောက်ပံ့ပေးမှာဖြစ်ပါတယ်... ကံဆိုးစွာနဲ့ သေဆုံးခဲ့မယ်ဆိုရင်တောင် လျော်ကြေးအနေနဲ့ မင်းတို့မိဘတွေကို ကြယ်ဒင်္ဂါး 20000 ထောက်ပံ့ပေးမှာပါ..."

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now