51

159 42 16
                                    

#Unicode
  အပိုင်း (၅၁)

အဘယ်ကြောင့်ဆိုသော် ဝေ့စန်းက သူ၏သံ အမြှောက်ကို လက်တစ်ဖက်တည်းဖြင့် ဖြုတ်ချလိုက်၍ဖြစ်သည်။

လောင်ကျစ်နိုင်မှာ ခဏမျှကြောင်စီစီဖြစ်သွားရပြီး သူ့ပခုံးတစ်ဖက်ပေါ်ရှိ နောက်ထပ် သံအမြှောက်ကလည်း ဖြုတ်ချခြင်းခံလိုက်ရလေသည်။

ဝေ့စန်းက တစ်ဖက်လူဘာတွေးနေသလဲ ဂရုပင်မစိုက်ချေ။ သူမ၏ လက်များက အလွန်အမင်းကျွမ်းကျင်လှသည်။ မည်သို့ပင်ဆိုစေ သူမ၏စိတ်ထဲတွင် ထိုသို့လုပ်နိုင်ရန် အကြိမ်ပြောင်းများစွာ စိတ်ကူးယဉ်၍ လေ့ကျင့်ခဲ့ရသဖြင့် သူမ စိတ်ဝင်စားမိသည့် အစိတ်အပိုင်းတိုင်းကို အကြမ်းမဖက်သည့်နည်းဖြင့် လျှင်မြန်စွာ ဖြုတ်လိုက်နိုင်လေသည်။

သူမ တစ်စစီဖြုတ်နေရာမှ နောက်ဆုံး အဆင့်သို့ရောက်ချိန်တွင် မတော်တဆဖြင့် ထိန်းချုပ်ခန်းထဲမှ လောင်ကျစ်နိုင်မှာကို မြင်နိုင်သွားခဲ့သည်။

သူ၏ မက်ခါထိန်းချုပ်ခန်းထဲမှ ရုတ်တရက်ကြီး အပြင်ကိုမြင်လိုက်ရသော လောင်ကျစ်နိုင်မှာလေး : "....."

အပြင်ဘက်တွင် ပွဲကြည့်နေကြသည့် ပရိတ်သတ်များ : "....."

ဒိုင်လူကြီးပင်ခဏမျှကြောင်အသွားပြီးမှ သူမ အနိုင်ရသွားပြီဖြစ်ကြောင်း ခပ်မြန်မြန်ကြေငြာလိုက်တော့သည်။

အနိုင်ရသူကို ကြေငြာပြီးနောက်တွင် နှစ်ယောက်သားက ဆက်လက်တိုက်ခိုက်၍မရတော့ပေ။ ဝေ့စန်း အနည်းငယ်မျှ နှမျောစိတ်ဖြစ်သွားရသည်။ နောက်ပိုင်းတိုက်ပွဲများတွင် မက်ခါများက််ို ဖြေးဖြေးချင်း ဖြုတ်ကြည့်သည်က ပိုကောင်းမည်ဟု တွေးလိုက်မိသည်။

လောင်ကျစ်နိုင်မှာ တစ်ယောက် ပြင်းပြင်းထန်ထန် စိတ်ထိခိုက်သွား၍လားမသိချေ။ သူ၏တစ်စစီဖြစ်နေသော မက်ခါကိုထားခဲ့ကာ စကားတစ်ခွန်းပင်မချန်ခဲ့ဘဲ ထွက်သွားခဲ့လေသည်။

ဝေ့စန်း စင်ပေါ်မှဆင်းလိုက်သည်နှင့် ကြယ်ဒင်္ဂါးများ အမှတ်များရရှိခဲ့သည့်အပြင် L1အဆင့်သို့ အဆင့်တက်သွားခဲ့သည်။

သူမ မပြန်ခင် နောက်နှစ်ရက်တွင် ကျပန်းPKနှစ်ပွဲပြိုင်ရန်စီစဉ်ပေးရန်အတွက် အမိန့်ပေးခဲ့သည်။ သူမ ပို၍ယှဉ်ပြိုင်နိုင်လျှင် ယှဉ်ပြိုင်လိုက်မည်သာဖြစ်သည်။

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now