Ch 13

3.2K 314 5
                                    

Ch 13

ရဲ့ရှောင်ယွီက သူမကို လေးလေးနက်နက်နဲ့ "ငါက ငါ့မိသားစု အစီအစဉ်ကို နားမထောင်ဘဲ ကိုယ့်ဘာသာကိုယ် စွန့်စားချင်တယ် ဆိုတာ ယုံမှာလား။" လို့ ပြောသည်။

ကျန်းဟွေ့က အနည်းငယ် ပြုံးပြီး "ယုံပါတယ်။ လူတိုင်းမှာ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်း ရှိတယ်။"

ရဲ့ရှောင်ယွီ ကြားလိုက်သည်နဲ့ သူ့ရဲ့ မျက်လုံးများသည် ချက်ချင်း ကျေးဇူးတင်စကားများဖြင့် ပြည့်နှက်နေပြီး သူဘာလုပ်သည်ကို နားလည်နိုင်သူ အများအပြားမရှိပေ။

ရဲ့ရှောင်ယွီက "ငါ့ကို ယုံကြည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။" ဟု ရိုးရိုးသားသား ပြောသည်။

ငယ်ရွယ်နုပျိုပေမဲ့ တည်ငြိမ်အေးဆေးသော သူ့ရှေ့မှ မိန်းကလေးသည် ထိုကဲ့သို့ ပွင့်လင်းမြင်သာသော စကားလုံးများကို ပြောကာ သူမသည် သူမနဲ့ ရွယ်တူကလေးများထက် ပိုမိုရင့်ကျက်သူ ဖြစ်သည်။

ကျန်းဟွေ့က "မစ္စတာရဲ့ ရိုးရိုးသားသား ပြောရရင် လုံခြုံရေးအစောင့်တစ်ယောက် ဖြစ်ဖို့ အလားအလာ သိပ်မရှိဘူး။ ဒီမှာ အလုပ်လုပ်မလို့လား။ ဘာလို့ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ မစဉ်းစားတာလဲ။"

ရဲ့ရှောင်ယွီက တိုးတိုးလေး သက်ပြင်းချရင်း "ကျွန်တော် စီးပွားရေစတစ်ခုလုပ်ချင်ပေမဲ့ ခုချိန်မှာ ဘယ်လိုစီးပွားရေးလုပ်ရင် ကောင်းမလဲ မသိဘူး။ ဒါကြောင့် အလုပ်တစ်ခုလုပ်ပြီး စားဝတ်နေစရိတ်‌ကို အရင်ရှာချင်တာ။"

သူတွင် ငွေရှာရန် နည်းလမ်းများစွာကို အမှန်တကယ်ရှာ‌ဖွေန်ိုင်သော်လည်း သူ့မိသားစုက သူ့ကိုလုပ်ခွင့်မပြုပေ။ ၎င်းက စီးပွားရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း ဖောက်ဖျက်တဲ့ ဘယ်အရာကိုမှ မလုပ်နိုင်ပေ။

မိသားစုက သူအလုပ်လုပ်ရန် စီစဉ်ပေးသော်လည်း မိသားစုရဲ့ အစီအစဉ်ကို လိုက်နာရတာ မကြိုက်ပေ။

မိသားစုဝင်တွေကို အားကိုးပြီး အောင်မြင်တယ်လို့ တခြားသူတွေကို မထင်စေချင်ဘူး။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now