Ch 60.2
မိုဘိုင်းလ်ဖုန်းစက်ရုံက ဒါရိုက်တာ ကျန်းရှောင်က အသက် 32 နှစ်ရှိပြီး အိမ်ထောင်မရှိပေ။ လွပ်လပ်မှုကို နှစ်သက်ပြီး ချုပ်ကျယ်ခြင်းကို မကြိုက်ပေ။
(ကျန်းဟွေ့ရဲ့ ကျန်းနဲ့ မတူပါဘူး။ ရဲ့ရှောင်ယွီ၏ ရှောင်နဲ့လည်း မတူပါဘူး။)သူက နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ အရည်အချင်းရှိသူ ဖြစ်ပြီး စက်ရုံမန်နေဂျာဖြစ်လာဖို့ ရဲ့ရှောင်ယွီက ငွေအများကြီးနဲ့ ငှားခဲ့ရတာဖြစ်သည်။
ကျန်းရှောင်က နိုင်ငံခြားက အရသာမျိုးစုံကို စားဖူးသော်လည်း ဒီအစားအစာကို ဒီနေ့မှ စားဖူးကာ ထိပ်တန်းအစားအစာ ဖြစ်ကြောင်း သိလိုက်ရသည်။
ကျန်းရှောင်က ပြုံးပြီး ရဲ့ရှောင်ယွီကို "ဒါရိုက်တာရဲ့ ဒီနေ့ရဲ့ ဟင်းတွေက အရမ်းအရသာရှိတယ်။ ကျွန်တော် နိုင်ငံခြားမှာ နေတာ နှစ်အတော်ကြာခဲ့ပြီး ဒီလို အရသာရှိတဲ့ ဟင်းပွဲမျိုး တစ်ခါမှ မစားဖူးဘူး။ ဒီနေ့ အများကြီး သင်ယူခဲ့ရပါတယ်။ ဒါရိုက်တာရဲ့ အဲဒီပါဝင်ပစ္စည်းတွေက ရဖို့မလွယ်ဘူး မဟုတ်လား?"
ရဲ့ရှောင်ယွီက ခေါင်းညိတ်လိုက်ပြီး "ဒါက တကယ် ရဖို့မလွယ်ပါဘူး။ ဒါပေမဲ့ ခင်ဗျား အလုပ်ကြိုးစားနေသရွေ့ ဒီလိုအစားအစာကို မကြာခဏ စားဖို့ အခွင့်အရေးရပါလိမ့်မယ်။"
ကျန်းရှောင်က ဝမ်းသာအားရ ရယ်မောရင်း "တကယ်လား? ဒီအရသာမျိုး စားနိုင်ဖို့ ကျွန်တော် ကြိုးစားမှာပါ။"
တခြားမန်နေဂျာများကလည်း ခေါင်းညိတ်ကာ ပြုံးပြီး သဘောတူကြသည်။
ဒီလို ထိပ်တန်းအစားအစာမျိုးကို စားရရင် တစ်သက်လုံး ဘယ်တော့မှ မေ့မှာမဟုတ်ပေ။
ခဏခဏ စားနိုင်ရင် ဒါက ပျော်ရွှင်မှုပါဘဲ။
အနာဂတ်တွင် ဒီလိုအရသာကို ခဏခဏ စားနိုင်ဖို့ သူတို့ အလုပ်ကြိုးစားရမှာ ဖြစ်သည်။
ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့က နေ့လယ်စာ စားပြီးနောက် ကျန်းဖုန်ကို ကားမောင်းနှင်ခိုင်းကာ Lou Hu နဲ့ Dong Men အဆောက်အအုံနှစ်ခုကို စစ်ဆေးရန် သွားခဲ့သည်။
![](https://img.wattpad.com/cover/350600614-288-k758893.jpg)
YOU ARE READING
(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်း
RomanceAuthor 战火火 Title 带着商城重回1986 MC Jiang Hui ကျန်းဟွေ့ ML Ye Xiao Yu ရဲ့ရှောင်ယွီ Chapter 62 Start 23.8.2023 End 6.2.2024