Ch 27

2K 205 0
                                    

Ch 27

ကုန်စုံဆိုင် အပြင်ဘက်ရော၊ အတွင်းဘက်သုံးထပ်ရော၊ အပြင်ဘက်သုံးထပ်မှာပါ လူတွေပြည့်နေသည်။

ကျန်းဟွေ့က ကားပေါ်က ဆင်းပြီး ထိုလူများ လက်ထဲတွင် ငွေစက္ကူများ ကိုင်ထားဆဲ ဖြစ်နေသည်ကို မြင်ခဲ့ရပြီး တစ်ယောက်ပြီး တစ်ယောက် ကျယ်လောင်စွာ အော်ဟစ်နေကြသည်။

"လောင်ပန် အမျိုးသမီး quartz နာရီအလုံး 50 နဲ့ အီလက်ထရွန်းနစ် နာရီအလုံး 100 ပေးပါ။"

"လောင်ပန် ငါလည်း အမျိုးသား quartz နာရီ 10 လုံးနဲ့ အီလက်ထရွန်းနစ် နာရီအလုံး 50 လိုချင်တယ်။"

"လောင်ပန် အီလက်ထရွန်းနစ် နာရီအလုံး 200 နဲ့ quartz နာရီအလုံး 50 လိုချင်တယ်။"

"လောင်ပန် ငါအရင်ရောက်တာ ငါ့ကို ပစ္စည်း အရင်ပေးရမယ်။"

"အနောက်ကတစ်ယောက် အရမ်းမတိုးနဲ့။"

လောင်ပန်နဲ့ ပိုင်ရှင်က အလုပ်များနေပြီး အထဲမှာ သူတို့ရဲ့ မိဘဖြစ်ပုံရသည့် လူကြီးနှစ်ယောက်ကပါ ကူညီနေရသည်။

ဒီလုပ်ငန်းက တကယ်ကောင်းသည်။

ကျန်းဟွေ့က ပိုင်ရှင်ဖြစ်သူရဲ့ လုပ်ငန်း အရမ်းကောင်းမွန်နေသည်ကို မြင်တဲ့အခါ သူမကို အနှောက်အယှက်မပေးဘဲ ကားဆီသို့ လှည့်ပြန်လာခဲ့သည်။

ကျန်းဟွေ့က ထိုအဆောက်အအုံဝယ်ပြီး ငွေမရှာခင်မှာတင် ဈေးဆိုင်ဖွင့်ဖို့ နေရှာမလိုအပ်တော့ပေ။

သူမရဲ့ ဦးလေးအိမ်သည် ဒီနေရာနဲ့ မဝေးဘူးဟု ရုတ်တရက် တွေးမိပြီး ထိုဦးလေးနဲ့ ဒေါ်လေးက အရင်ဘဝတွင် သူမကို အများကြီး ကူညီခဲ့ဖူးသည်။ အခုအချိန်ရှိသဖြင့် ကျန်းဟွေ့က သူတို့ထံ သွားလည်ချင်သည်။

သူမက Mall တွင် ငါးတစ်ပိုင်း၊ ဘေကွန်တစ်ပိုင်း၊ ဝိညာဉ်လက်ဖက်ခြောက် တစ်ဗူး၊ ပန်းသီးနဲ့ လိမ္မော်သီး အနည်းငယ်နဲ့ ဖြည့်စွက်စာ တစ်ဗူးကို ဝယ်ယူခဲ့သည်။

မိနစ် 20 လောက်ကြာတော့ ကားက ခရိုင်ပြည်သူ့လုံခြုံရေး စခန်းဂိတ်တွင် ရပ်လိုက်သည်။

ကျန်းဟွေ့က ကျန်းလုံနဲ့ ကျန်းဖုန်းတို့ကို အပြင်မှာ စောင့်ခိုင်းပြီး လက်ဆောင်အိတ်ကြီး နှစ်လုံးဖြင့် ကားထဲက ထွက်လာခဲ့သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now