Ch 54.1

1.2K 110 0
                                    

Ch 54.1

ရဲ့နင်းရှန်ကို သူတို့ အကျိုးခံစားခွင့် တောင်းတာကို ကျန်းဟွေ့ ကြားလိုက်ပေမဲ့ သူမအမေကို "အမေ အမေက သူဌေးဖြစ်နေတာကြာပြီ။ ထိပ်တန်း‌ဆွေမျိုးတချို့နဲ့ ဆက်ဆံနိုင်မှာပါ။"

ရဲ့နင်းရှန်က "သမီးအဖွား ဒီမှာ ရှိ‌နေတယ်။ အမေက သမီးရဲ့ ဆွေမျိုးတွေကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်လို့မရဘူး။ သမီးအ‌ဖွားကို အမေ ရိုင်းရိုင်းစိုင်းစိုင်း လုပ်လို့ရ‌ပေါ့မလား။"

ကျန်းဟွေ့က သူမကို အလေးအနက် ပြောသည်။ "သူမကို လူကောင်းမလိုလုပ်ရမလဲ မသိရင် သင်ပေးလို့ရတယ်။ အရင်တုန်းက သမီးတို့ကို ဘယ်လိုဆက်ဆံခဲ့လည်း သူတို့ကို အဲလို ပြန်ဆက်ဆံလို့ ရတယ်။"

ရဲ့နင်းရှန်က "ဒါပေမဲ့ အမေတို့ အဲလိုလုပ်ရင် ဒီဆွေမျိုးတွေနဲ့ လမ်းခွဲရလိမ့်မယ်။"

ကျန်းဟွေ့က ပေါ့ပေါ့ပါးပါး တစ်ခစ်ခစ် ရယ်ပြီး "ကိစ္စမရှိပါဘူး။ အကူအညီလိုမှ လာတဲ့ ဆွေမျိုးတွေ ရှိရင် မကောင်းဘူး။ သူတို့နဲ့ ဝေးဝေးနေလိုက်တာ ပိုကောင်းတယ်။"

ကျန်းဟွေ့က သူမအဖေဘက်က ဆွေမျိုးတွေကို သိပ်မကြည်ပေ။ သူမတို့ကို ကူညီပေးခဲ့တဲ့ အဘိုးနဲ့ အဒေါ်တွေက လွဲရင်ပေါ့။

ရဲ့နင်းရှန်က သူမသမီး ပြောတာကို ကြားတဲ့အခါ ချက်ချင်းဆိုသလို ယုံကြည်ချက် အပြည့်ရှိလာသည်။ သူမက သူဌေးမ ပုံစံဖြင့် "ကောင်းပြီ အမေ ဘာလုပ်ရမလဲဆိုတာ သိပြီ။ သူတို့ ဒေါသမထွက်ပြီး ပြန်မလာရဲ့အောင် လုပ်လိုက်မယ်။"

ရဲ့နင်းရှန်က ဖုန်းချလိုက်ပြီး ဖုန်းကို ဖယ်လိုက်သည်။ ထို့နောက် ကျန်းကျင်းရှန်၊ ကျန်းကျင်းရီ၊ ကျန်းကျင်းမင်၊ ကျန်းကျင်းကျန်နဲ့ သူမကို ချော့မောနေတဲ့ ယောက္ခမကို ကြည့်လိုက်သည်။

ရဲ့နင်းရှန်က ပြုံးပြီး ပြောသည်။ "ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ အရင်တုန်းက ငါတို့ အရမ်းဆင်းရဲတယ်။ အဲတုန်းက ကျူရှင်ခ ပေးဖို့ မင်းတို့ဆီက ပိုက်ဆံချေးခဲ့တယ်။ မင်းတို့အားလုံးက ဆင်းရဲမွဲတေမှုအတွက် ငိုကြတယ်။ အဲဒီတုန်းက ငါ့မိသားစုနဲ့ ပတ်သတ်ပြီး ညီအစ်ကို မေတ္တာကို မတွေ့ခဲ့ရဖူး။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now