Ch 61.1
ရဲ့ရှောင်ယွီက အိမ်တွင် ညစာမစားသည်မှာ ရက်အတော်ကြာနေပြီဟု တွေးမိတဲ့အခါ အနည်းငယ် အပြစ်ရှိသလ်ု ခံစားရပြီး သူ့အမေက စိတ်ပူနေကာ စိုးရိမ်နေပြီ ဖြစ်သည်။
သူ စကားမပြောခင် ကျန်းဟွေ့က "အစ်ကိုယွီ ဒီနေ့ည ညစာစားဖို့ အစ်ကို့အိမ် သွားရအောင်။ ညီမတို့ ခဏနေ God of Cooking Gourmet Flagship Store ကို သွားပြီး အဒေါ်အတွက် ဟင်းနည်းနည်း ဟင်းယူသွားရအောင်။"
"ကောင်းပြီ" ရဲ့ရှောင်ယွီက ရဲ့ရှောင်လန်ကို ထပ်မံကြည့်ကာ "အစ်မ အိမ်ကို ပြန်မလာတာ ကြာပြီမလား? ဘာလို့ ဒီည ကျွန်တော်တို့နဲ့အတူ မပြန်တာလဲ။"
ရဲ့ရှောင်လန်က ခေါင်းခါပြီး "မသွားတော့ပါဘူး။ အိမ်ပြန်ပြီး မင်းယောက္ခမနဲ့ ဖန်ဖန်အတွက် ထမင်းချက်ပေးရအုံးမှာ။"
ရဲ့ရှောင်ယွီက အတွင်းအပြင်ကို ဆုပ်ကိုင်ထားနိုင်သော အရည်အချင်းရှိတဲ့ အစ်မဖြစ်သူကို ကြည့်ပြီး သူမအတွက် အနည်းငယ် စိတ်ဆင်းရဲသွားသလို ခံစားရပြီး "အစ်မ အစ်မရဲ့ ယောက္ခမနဲ့ ဖန်ဖန်ကိုလည်း ခေါ်လာလိုက်ပါလား။ ဒါဆို အဆင်ပြေပြီးလေ။" လို့ ပြောသည်။
ရဲ့ရှောင်လန်က သူမ့မိဘတွေဆီ ပြန်လာဖို့ သူမမွေးရပ်မြေကို အချိန်တော်တော်ကြာအောင် မပြန်ခဲ့တာကို တွေးမိပြီး ခေါင်းညိတ်ကာ "ကောင်းပြီ ဒါဆို မောင်လေး အရင်သွားနှင့် င်သွားနှင့် အစ်မ နောက်မှလာခဲ့မယ်။"
"ကောင်းပြီ ခဏနေ တွေ့မယ်။"
ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့က မြို့တော်ခန်းမ တံခါးကနေ ထွက်လာကြပြီး ကျန်းဖုန်က ကားထဲတွင် ထိုင်ကာ သူမတို့ကို စောင့်နေသည်။
သူတို့နှစ်ယောက် ကားပေါ်တက်ပြီးနောက် ကျန်းဟွေ့က ကျန်းဖုန်ကို "အစ်မဖုန် God of Cooking Gourmet Flagship Store ကို သွားမယ်။ ပြီးတော့ ရဲ့အိမ်ကို သွားပြီး ညစာစားမှာ။"
ကျန်းဖုန်က "ကောင်းပြီ"
ကျန်းဟွေ့က ဆိုင်ကို ဖုန်းပြီး သူမအတွက် ဟင်းပွဲအနည်းငယ်နဲ့ ထမင်းဖြူတစ်အိုးကို ပြင်ဆင်ခိုင်းထားပြီး ဝင်ယူသွားလိုက်သည်။

YOU ARE READING
(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်း
RomantizmAuthor 战火火 Title 带着商城重回1986 MC Jiang Hui ကျန်းဟွေ့ ML Ye Xiao Yu ရဲ့ရှောင်ယွီ Chapter 62 Start 23.8.2023 End 6.2.2024