Ch 55.1
သူ့ဘေးတွင် ရပ်နေတဲ့ ကျန်းဟွေ့က လူကြီးတွေနဲ့ ဝမ်းသာအားရ စကားပြောနေသည်ကို တွေ့လိုက်ရသည်။
ရဲ့ရှောင်ယွီ၏ စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဉာဏ်သွေးက အလွန်မြင့်မားပြီး အဖွားကျန်းလို လူမျိုးကို ပျော်ရွှင်စေနိုင်သည်။
ထိုအချိန် စူပါမားကတ်ရဲ့ ရင်ပြင်တွင် လူအများအပြား စုရုံးရောက်ရှိလာကြပြီး သတင်းရရှိသူများက နှစ်သစ်ကူးကြိုဆိုတဲ့ မီးရှူးမီးပန်းများကို ကြည့်ရှုရန် ရောက်လာကြသူများ ဖြစ်သည်။
လူတိုင်း ဘေးကင်းရေးအတွက် ကျန်းဟွေ့က တစ်စုံတစ်ယောက်ကို မီးရှူးမီးပန်း ပစ်လွှတ်သည့် ဧရိယာတစ်ဝှိက်တွင် အနီရောင်မျဉ်းများ ရေးဆွဲရန် တောင်းဆိုခဲ့သည်။
ကလေးငယ်များနဲ့ အရွယ်ရောက်ပြီးသူများကို ထိုအန္တရာယ်ရှိတဲ့နေရာသို့ ဝင်ရောက်ခြင်းမှ တားဆီးရန်အတွက် အနီးအနားတွင် အစောင့်အကြပ် လုပ်ရန် စက်ရုပ်များစွာကို စေလွှတ်ထားသည်။
ဒီနေ့ မီးရှူးမီးပန်း ပစ်ရန် တာဝန်ယူထားသူများက ရဲ့ရှောင်ယွီ၏ ရဲဘော်များ ဖြစ်ကြသည်။
နှစ်သစ်ကူး အကြိုနေ့တွင် မီးရှူးမီးပန်းတွေ ပစ်မယ်လို့ ကြားသိရတဲ့အတွက် သူတို့က ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့ကို မီးရှူးမီးပန်း ပစ်ခြင်းကြောင်းကို တင်ပြခဲ့သည်။
ငယ်ငယ်တုန်းက ကလေးတိုင်းက နှစ်သစ်ကူးမှာ မီးရှူးမီးပန်း ပစ်လွှတ်ချင်ကြပေမဲ့ ကလေး အနည်းငယ်သာ သူတို့ရဲ့ ဆန္ဒတွေ ပြည့်နိုင်ကြသည်။ အဓိက အကြောင်းအရင်းမှာ ဆင်းရဲလွန်းသဖြင့် စားဝတ်နေရေး ခက်ခဲတာကြောင့် မီးရှူးမီးပန်း ပစ်ဖို့ ပိုက်ဆံမရှိကြပေ။
အစတွင် ကျန်းဟွေ့က မီးရှူးမီးပန်း ပစ်ရန် စက်ရုပ်များကို တောင်းဆိုခဲ့သော်လည်း သူတို့ လျှောက်ထားပြီးနောက်တွင် ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့က သူတို့ကို သဘောတူခဲ့ကြသော်လည်း မီးရှူးမီးပန်း ပစ်သည့်အခါ ဘေးကင်းဖို့ကို ဂရုစိုက်ရန် ထပ်ခါတလဲတလဲ ပြောခဲ့သည်။
![](https://img.wattpad.com/cover/350600614-288-k758893.jpg)
YOU ARE READING
(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်း
RomansaAuthor 战火火 Title 带着商城重回1986 MC Jiang Hui ကျန်းဟွေ့ ML Ye Xiao Yu ရဲ့ရှောင်ယွီ Chapter 62 Start 23.8.2023 End 6.2.2024