အပိုင်း ၅

3 1 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသောရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၅ : ဆန်းကြယ်သော ဆရာ (၁)

"အမ်း "

လုံဟောက်ချန်းသည် မေ့မြောရာမှ ဖြည်းညှင်းစွာ နိုးလာပြီး နောက် မျက်လုံးများကို မှိတ်ထားရာမှဖြည်းညင်းစွာဖွင့်လိုက်သည် ။ သူ​၏ မျက်တောင်မွှေးများမှာ မိန်းကလေးကိုပင် မနာလိုသည်အထိ ဖြစ်သွားစေနိုင်သည်။ ထိုနောက် သူ့​၏ အာရုံများ တဖြည်းဖြည်းပြန်ပေါ်လာသည်။

သူသည် ရုတ်တရက် ထထိုင်လိုက်သည်။

"ငါဘာမှ မဖြစ်သွားဘူးလား"

သူ၏ သန်မာလာသော ခန္ဓာကိုယ်ကို ကြည့်လိုက်ကာ မအံ့ဩဘဲ မနေနိုင်တော့ချေ။

တောအုပ်ထဲတွင် အင်းဆက်ပိုးကောင်များနှင့် ငှက်အော်သံများမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

ဟောက်ချန်းသည် ခေါင်းကိုငုံရင်း တောရိုင်းဟင်းသီးဟင်းရွက်များကို ထုပ်ပိုးထားသော အထုပ်ကို တစ်ချက်ကြည့်ကာ ၎င်းသည် သေသေသပ်သပ်ဖြစ်နေသည်ကို တွေ့ရသောကြောင့် မယုံနိုင်၍ မျက်လုံးကို ပွတ်ကြည့်လိုက်သည် ။

"ငါအိပ်ပျော်သွားတာလား? ဒါက အိမ်မက်တစ်ခုလား?"

"အို ဒါက ဘာလေးလဲ "

ဟောက်ချန်းသည် သူ့ရဲ့ လက်မှ လက်စွပ်တစ်ကွင်းကို သတိပြုမိလိုက်သည်။ ၎င်းသည် တောက်ပြောင်ချောမွတ်နေသည်။
သတ္တုကဲ့သို့ တောက်ပြောင်ခြင်းမဟုတ်ဘဲ ကျောက်စိမ်းကဲ့သို့၊ ကြွေထည်ကဲ့သို့သော တောက်ပြောင်ခြင်းမျိုးနဲ့ တူသည်။
စက်ဝိုင်းကဲ့သို့ အလှဆင်ထားပြီး ရွှေဖြင့် ဖုံးအုပ်ထားသည်။ အဖိုးတန်သော ဆန်တစ်စေ့အရွယ် ကျောက်တုံးလေးတစ်တုံးကို လက်စွပ်ထဲသို့ ထည့်သွင်းမြုပ်နှံထားသည် ။

လက်စွပ်ရဲ့ အတွင်းပိုင်းသည် လုံးဝ ရွှေရောင်ဖြစ်သည်။ သူ့ရဲ့ လက်ချောင်းနဲ့ ထိနေသောအခါ ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဟောက်ချန်းသည် အသေအချာ စိုက်ကြည့်ပြီး သ‌တိမမေ့မြောမီ အခြေအနေကို ပြန်တွေးကြည့်သည့်အခါ ဤ အရာဟာ အမှန်ပင်ဖြစ်ကြောင်းသိရသည်။ သိုသော်လည်းပဲ ဟောက်ချန်းစိတ်ထဲ၌ သံသယဖြစ်ကာ ကလေးမလေးနဲ့ အဖြူရောင်ဝတ်စုံနှင့်လူက မည်သို့သော ပက်သက်မှုမျိုးရှိကြောင်း မေးခွန်းများ ပေါ်ထွက်လာသည်။

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now