အပိုင်း ၄

1 1 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၄ : သူရဲကောင်းစာမေးပွဲ (၄)

လုံဟောက်ချန်းသည် သစ်ပင်၏အကာအကွယ်ကိုယူပြီး နောက် အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်စုရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီး နောက်အတော်‌လေး ထိတ်လန့်သွားခဲ့သည်။အထူးသဖြင့်သူတို့၏အဝါရောင် မျက်လုံးများနှင့်အနံ့ခံရန်ကြိုးစားနေသည့်နှာခေါင်းမှာ ကြောက်စရာကောင်းလှသည်။

ထိုအချိန်တွင် အေးစက်သောအသံတစ်သံသည် တောအုပ်တလျှောက်၌ ပဲ့တင်ထပ်သွားခဲ့သည်။

"မင်းတို့က သူ့ကိုအသည်းအသန်လိုက်ဖမ်းပြီးမှ အခုလိုအေးအေးဆေးဆေးထွက်သွားနိုင်မယ်လိုထင်နေတာလား။ မင်းတို့ထွက်သွားစရာမလိုတော့ဘူး"

ထိုနောက် ကောင်းကင်ပေါ်တွင်လင်းထိန်နေသည့် အလင်းရောင်တစ်ခုပေါ်လာသည်။ အနက်ရောင်ဝတ်စုံဝတ်ထားသူ ခုနစ်ဦး သိုမဟုတ် ရှစ်ဦးသည်တစ်ခဏအတွင်း မြေပြင်ပေါ်သို့ ကျ‌ရောက်လာသည်။

လုံဟောက်ချန်းက သူ့ရှေ့ကို ချောင်းကြည့်လိုက်သောအခါ အဖြူရောင်၀တ်စုံနှင့် မျက်နှာဖုံးစွပ်ထားသည့်အမျိုးသားတစ်ယောက် ရုတ်တရက်ပေါ်လာသည်။ထိုနောက် ထိုလူ၏ရင်ဘတ်မှအလင်းတန်းများစွာ ထွက်ပေါ်လာသည်။ ထိုအချိန်မှာတော့ အဲဒီအလင်းတန်းတွေကြောင့် သစ်တောတစ်ခုလုံးတုန်ခါသွားခဲ့သည်။
လုံဟောက်ချန်းလည်း ထိုအလင်းတန်းများကြောင့်မျက်စိများ ကျိန်းမတတ်ဖြစ်သွားပြီး သူ၏မျက်လုံးများကို မဖွင့်နိုင်ဖြစ်သွားခဲ့၏။

သူ့မျက်စိရှေ့မှ ပုံရိပ်များကိုနောက်ဆုံးမြင်လိုက်ရသောအခါတွင် အနက်ရောင်ဝတ်စုံဝတ်ထားသောသူများ အားလုံး ပျောက်ကွယ်သွားသည်ကို အံ့အားသင့်စွာတွေ့လိုက်ရသည်။ မြေပြင်ပေါ်တွင် အေးဆေးတည်ငြိမ်စွာရပ်နေသော အဖြူရောင်ဝတ်စုံနဲ့ လူတစ်ယောက်သာ ကျန်တော့သည်။

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်သွားသည်။ အခု လုံဟောက်ချန်း၏ရှေ့တွင် တစ်ခုတည်းသောအရာမှာချုံပုတ်များ ဖြစ်သည်။အခြားအရာအားလုံးသည် ဖုန့်မှုန့် အဖြစ်သာ ကျန်ရှိတော့သည်။

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now