အပိုင်း ၇

2 0 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၇ : ဆန်းကျယ်သော ဆရာ (၃)

"ဆရာ၊ ကလေးမလေး အဆင်ပြေမယ်လို့ ထင်လား"

လုံဟောက်ချန်းက ပြောပြီးပြီးချင်း မမေးဘဲ မနေနိုင်တော့ပေ။

ရှင်းယွီ က ခေါင်းခါပြီးပြောပြလိုက်သည်။

"အဆင်ပြေပါလိမ့်မယ်။ သူမနဲ့ အဖြူရောင်၀တ်စုံနဲ့သူက အတူတူပဲ နေမယ်   သူတို့ နှစ်ယောက်စလုံး က လုပ်ကြံသတ်ဖြတ်ရေး ကျောင်းတော်က လာတာ ထင်တယ်"

"လုပ်ကြံသတ်ဖြတ်ရေးကျောင်းတော်?"

လုံဟောက်ချန်း ၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့သည်။

ရှင်းယွီက ဟောက်ချန်းရဲ့ လက်စွပ်ဝတ်ထားသော လက်ကို ဆွဲယူလိုက်ပြီး နောက်

'ဒါက သိုလှောင်လက်စွပ်မဟုတ်လား?'

ရှင်းယွီတွေးရင်း ရေရွတ်လိုက်သည်။

ရှင်းယွီတွေးထားသည့် အတိုင်းပင် လက်စွပ်မှာ အလင်းရောင်လေး တောက်ပလာသည်။ လက်စွပ်ကို ထိလိုက်သောအခါ အပြာရောင် စက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။

ရှင်းယွီ ၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နက်လျက် လုံဟောက်ချန်း ကိုပြောလိုက်သည်။

"မင်းက အရမ်းကံကောင်းတာပဲ၊ ဟိုကလေးမလေးက  မင်းအတွက် ချန်ထားပေးခဲ့တာနေမယ်။ ဒါအရမ်းအဖိုးတန်တယ်ဆိုတာ မမေ့နဲ့ ။ ဒါနဲ့ အဲ့ကလေးမက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်။"

လုံဟောက်ချန်းသည် ခေါင်းကို ကုတ်ရင်း သူ့ရဲ့ ချောမောလှပသော မျက်နှာထားမှာ သံသယများပြည့်နေ၏။ ဆရာပြောသမျှအရာကိုလည်း သူနားမလည်ပေ။

"အဖြူရောင်ဝတ်စုံနဲ့လူက ကြောက်စရာကောင်းတဲ့ မျက်နှာထားရှိတဲ့ လူတစ်စုကို ဘယ်လိုလုပ်လိုက်လဲ ဆရာသိလား"

ရှင်းယွီက ပြုံးပြရင်း ပြောလိုက်သည်။

"သူက လုပ်ကြံသတ်ဖြတ်ရေး ကျောင်းတော်မှာ သုံးတဲ့ ဝိညာဉ်မီးလင်းဖိုနဲ့ အဲ့လူတွေကို အပိုင်းပိုင်း ခုတ်ပစ်ပြီး လက်ရာခြေရာတစ်ခုမှ မကျန်ရအောင် မီးလောင်ပြာချ လိုက်သေးတယ်။ အဲ့ဒီမီးလင်းဖိုက မင်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေကိုလည်း တိုးတက်စေတယ်။ ခန္ဓာကိုယ်ကနေ အညစ်အကြေးတွေကို သန့်စင်ပစ်ပြီး လောင်ကျွမ်းခြင်းကနေ သွေးကြော ဆယ့်နှစ်ခုကို ဖွင့်ပေးနိုင်တယ်။ ပြီးတော့ မင်းစိတ်ထဲမှာ မှတ်ထားရမယ့် အရာတစ်ခုက အခွင့်အရေးရရင် ကျေးဇူးပြန်ဆပ်၊မင်း တစ်သက်လုံး အကြွေးတင်နေလို့ မဖြစ်ဘူး၊မဟုတ်ရင်...."

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now