အပိုင်း ၁၃

1 0 0
                                    

Throne Of Seal
( ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၁၃ : ပထမအဆင့်သူရဲကောင်းအကဲဖြတ်စာမေးပွဲ (၁)

"ဟုတ်ကဲ့"

လူငယ် သူရဲကောင်း နှစ်ယောက်က လုံးဝ မချေပဝံ့ဘဲ တလေးတစား သဘောတူလိုက်ကြသည်။

ကောင်မလေးက ညာဘက်လက်ကို လုံဟောက်ချန်း ဆီ ဖြန့်ပြီး

" ကောင်ကလေး ငါ့နာမည်က လီရှင်း ။ ဦးလေး နာ့လန်ကို သွားတွေ့ဖို့ ခေါ်သွား‌ပေးမယ်"

လုံဟောက်ချန်းက ဝမ်းသာအားရနဲ့ လီရှင်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး

" ကျွန်တော့်နာမည်က လုံဟောက်ချန်းပါ ။ ကျွန်‌တော့်ကို တွေ့ဖို့ ခေါ်သွားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ"

လီရှင်း၏ လက်ဖဝါးများသည် ခဏခဏ ဓားလေ့ကျင့်ခြင်းကြောင့်
လှပပြီးသွယ်လျသော လက်မှာ သိသိသာသာ ကြမ်းတမ်းနေပုံဖြစ်နေသည်။ မည်သို့ပင် ဆိုစေကာမူ လုံဟောက်ချန်း၏လက်သည် သူမအား နူးညံ့သော ခံစားချက်ကို ပေးစွမ်းနေသည် ။ သူနှင့်ရွယ်တူများကြားတွင် လုံဟောက်ချန်း၏ လက်သည် အတော်လေး နူးညံ့နေပြီး လီရှင်းက သူ၏လက်ကို ဆုပ်ကိုင်ထားသောအခါ နူးညံ့သောခံစားချက်ကို ရနေသည်။

ဟောက်ယွဲ့ခန်းမထဲသို့ သူဝင်လာသည်နှင့် တပြိုင်နက် လတ်ဆတ်သောလေထုတစ်ခုကို လုံဟောက်ချန်း ချက်ချင်း ခံစားလိုက်ရသည်။ မြေပြင်ကို မီးခိုးပြာကျောက်ပြားများဖြင့် ခင်းထားပြီး ခန်းမတစ်ခုလုံးရဲ့ တစ်ဖက်တစ်ချက်စီတွင် သုံးမီတာရှည်သော စုစုပေါင်း ကျောက်တိုင်အထူ ဆယ့်နှစ်တိုင်ရှိသည်။ ခန်းမရှေ့တည့်တည့်တွင် ကြီးမားသော ကျောက်ပုလ္လင်‌တော် ခြောက်လုံးရှိ၏။ လုံဟောက်ချန်းက ထိုအရာတွေကို တစ်ခါမှ မမြင်ဖူးသေး၍ အထူးအဆန်း ဖြစ်နေသည်။

"အစ်မ၊ အဲဒါက ဘာလဲ"

လုံဟောက်ချန်းက ကျောက်ပုလ္လင်‌တော်ခြောက်လုံးကို ညွှန်ပြပြီး စူးစမ်းလိုစိတ်နဲ့ မေးလိုက်သည်။

လီရှင်းက တည်တည်ငြမ်ငြိမ်ဖြင့် လုံဟောက်ချန်းကို ကြည့်လိုက်ပြီး

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now