Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leoအပိုင်း ၃ : သူရဲကောင်းစာမေးပွဲ (၃)
" ကျွန်တော် မသိပါဘူး"
ပါ့အာကျား က ဤလူလတ်ပိုင်းအရွယ်ကို မြင်ပြီး ရုတ်တရက် အလေးပြုလိုက်သည်။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် လွန်ခဲ့သော ရက်အနည်းငယ်က အိုဒင်ခန်းမသို့ ရောက်ရှိလာခဲ့သည်။ သူ၏ အထောက်အထားနှင့်ပက်သက်ပြီး သေချာ မသိရသေးပေမယ့် သေချာတာ တစ်ခုကတော့ ထိုလူလတ်ပိုင်းအမျိုးသားဟာ ဟောက်ယွဲ့မြို့ရဲ့ လက်ရွေးစင် သူရဲကောင်း အဖွဲ့မှ ဖြစ်ကြောင်း ထင်ရှားပေသည်။
"သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက အခြားကလေးတွေနဲ့ မတူလိုဘဲ၊ မဟုတ်ရင် သူဘယ်လိုလုပ် ဒီလို အရည်အချင်းမျိုးကို လုပ်ပြသွားနိုင်ပါ့မလဲ "
လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ပါ့အာကျားကို ကြည့်လိုက်ပြီး ပြောလိုက်သည်။လုံဟောက်ချန်းသည် သူ့လက်ထဲမှ ဆေးရည်ပုလင်းကို ကိုင်ကာ ပျော်ရွှင်စွာဖြင့် အိမ်သို့ပြန်ခဲ့သည်။
သာမန်ကလေးတွေအတွက်တော့ ထိုဆေးရည်ဟာ သောက်ရဖို့ရန် ခဲယင်းသော ဆေးတစ်ခု ဖြစ်ပေ၏။ ထိုအရာသည် ဟောက်ချန်းအတွက် ကျောင်းတော်ကို ဝင်ရခြင်းရဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ချေသည်။
ဟောက်ချန်းက ပုလင်းကို ကိုင်ဆောင်ကာ
"အစ်ကိုကျန်းဟူပြောတာမှန်တယ်၊ ဒီဒြပ်စင်လေ့ကျင့်ရေးဆေးရည်က အမှန်တကယ် အသုံးဝင်လှတယ်။ ဒီဆေးရည်သောက်ပြီးကတည်းက ငါ့အမေရဲ့ ရောဂါလည်း သက်သာလာတယ်။ တောင်းပန်ပါတယ် အမေ ။ အမေက သားကို ဘယ်တော့မှ သူများရှေ့ ဒူးမထောက် ရဘူးလို ပြောခဲ့တယ်။ ဒါပေမယ့် သားဒီနေ့ စာမေးပွဲ ကျရှုံးခဲ့တယ်။ အဲ့လို သားသာ မအောင်မြင်ခဲ့ရင် အမေ့ရဲ့ ရောဂါကို ကုပေးနိုင်မှာ မဟုတ်ဘူး ။သား အမေ့ကို အဆုံးရှုံးမခံနိုင်ဘူး"
ဟောက်ချန်းရဲ့ အသံမှာ တိမ်ဝင်လျက် ဝမ်းနည်းမှု ဖြစ်နေပါသော်လည်း နှုတ်ခမ်းကို ပြုံးလိုက်ကာ ပျော်ရွှင်စွာဖြင့် လမ်းလျှောက်လာခဲ့သည်။
YOU ARE READING
ချိပ်ပိတ်ထားသောရာဇပုလ္လင်
FantasyThrone Of Seal (ချိပ်ပိတ်ထားသောရာဇပုလ္လင်) Review မူရင်း ။ ထန်ကျားစန်းရှောက် ဘာသာပြန် ။ Xiao Leo ကမ္ဘာမြေပေါ်သို့နတ်ဆိုးများ ကျရောက်လာပြီးနောက် လူသားမျိုးနွယ်ရဲ့ ပျက်သုန်းမှု ကပ်ဘေးကြီးတစ်ခု ကျရောက်လာခဲ့သည်။ ကျောင်းတော်ကြီးခြောက်ခုဟာလည်းပေါ်ပေါက...