Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leoအပိုင်း ၆ : ဆန်းကြယ်သောဆရာ (၂)
ကွဲပြားသော အသံများသည် ခန်းမအတွင်း ပဲ့တင်သံထပ်သွား၏။ လုံဟောက်ချန်း ခုတ်ချလိုက်သော သစ်သားဓားရှည်သည် ဝိညာဉ်ဆန်းစစ်ကျောက်တိုင်နဲ့ ထိမိပြီးနောက် ထွက်ပေါ်လာသော အသံနှင့်
ရိုက်ခတ်တဲ့ ပြင်းအားကို မခံနိုင်၍ သစ်သားဓား ရှည်၏ အလယ်မှ ကျိုးပဲ့ သွားသော အသံတို့ပင်ဖြစ်ကြသည်။ သစ်သားဓားသည် အလယ် မှ ထက်ပိုင်းကျိုးသွား၍ လုံဟောက်ချန်း ကံကောင်းပေသည်။သို့မဟုတ်လျှင် ထိုကျိုးသွားသော အပိုင်းစသည် ဟောက်ချန်းဆီသို့ ပျံလာ၍ ထိခိုက်နိုင်ချေရှိသည်။ထို့နောက် ကျောက်တိုင်မှ အလင်းတန်းသည် မှတ်တိုင်ထိပ်ပိုင်းသို့ တဟုန်ထိုး အရှိန်ဖြင့် တက်သွားပြီး ရလဒ်မှာ ၂၅ သို့ ညွန်ပြနေသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
"ဒါတကယ်လား? "
လုံဟောက်ချန်းက အံ့ဩမင်သက်စွာ ရေရွတ်လိုက်သည်။ ပါ့အာကျားပြောပုံအရတော့ ထိုသစ်သားဓားရှည်သည် အနည်းဆုံး ဝိညာဉ်စွမ်းအားအဆင့် နှစ်ဆယ် အထိပဲ ခံနိုင်ရည်ရှိတယ်ဟု ပြောဖူးသည်။
လုံဟောက်ချန်းသည် ကျင့်ကြံခြင်းနယ်ပယ်အတွင်း ဗဟုသုတများစွာ ရှိပါသော်လည်း ထိုကဲ့သို့ နေ့ချင်းညချင်း အဆင့်တစ်သူရဲကောင်းစစ်သည်တော်မှ အဆင့်နှစ်သူရဲကောင်းစစ်သည်တော်အဖြစ်သို့ ပြောင်းလဲ သွားသည်မှာ အံ့ဩစရာကောင်းပေသည်။
"အဟမ်း"
လုံဟောက်ချန်းရဲ့ အသိစိတ်ပြန်ဝင်လာသောအခါ သူ့ရဲ့နောက်မှ အသံထွက်ပေါ်လာသည်ကို သတိထားမိသွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
လူလတ်ပိုင်းအရွယ် အရပ် ခပ်မြင့်မြင့် လူတစ်ယောက်ကို တွေ့တော့ စူးစိုက်ကြည့်နေမိ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားမှာ အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး ဆံပင်အနက်ရောင် ၊ မျက်လုံးမှာ တောက်ပပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ရုပ်ရည်ရူပါမှာ ချောမောလှသည့် အသွင်အပြင်ရှိသည်။ ထူးထူးခြားခြား ထက်မြက်ပုံမပေါက်ပေမယ့် ဂုဏ်သိက္ခာရှိပြီး ကြည့်ကောင်းပုံရသည်။
YOU ARE READING
ချိပ်ပိတ်ထားသောရာဇပုလ္လင်
FantasyThrone Of Seal (ချိပ်ပိတ်ထားသောရာဇပုလ္လင်) Review မူရင်း ။ ထန်ကျားစန်းရှောက် ဘာသာပြန် ။ Xiao Leo ကမ္ဘာမြေပေါ်သို့နတ်ဆိုးများ ကျရောက်လာပြီးနောက် လူသားမျိုးနွယ်ရဲ့ ပျက်သုန်းမှု ကပ်ဘေးကြီးတစ်ခု ကျရောက်လာခဲ့သည်။ ကျောင်းတော်ကြီးခြောက်ခုဟာလည်းပေါ်ပေါက...