အပိုင်း ၁၈

1 0 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၁၈ : သူရဲကောင်းတို့ရဲ့ မြင့်မြတ်သောတောင် (၂)

" နင်တို့ သေချင်တယ်ဆိုရင် ငါစိတ်ထဲမထားဘဲ သေလမ်းပို့ပေးမယ်"

လီရှင်း၏ အေးစက်သောအသံမှာ လူသတ်ရန် ခံစားချက်အပြည့်ပင်။

ထိုသန်မာသောလူနှစ်ယောက်မှာ စစ်သည်တော်များဖြစ်ကြသည်။ပထမတစ်ယောက်က ဓားကြီးတစ်ချောင်းနှင့်၊ ဒုတိယတစ်ယောက်မှာမူ ဓားနဲ့ဒိုင်းကိုကိုင်ထားလေသည်။လီရှင်းကိုကြည့်ကာ မသေမချာဖြစ်နေကြသည်။ လုံဟောက်ချန်းမှာ လော့စိုင်းဟူကို စိန်ခေါ်ပွဲတစ်ခုတွင် သတ်လိုက်ခြင်းကြောင့် မြို့ရဲ့ကာကွယ်ရေးတပ်ဖွဲ့ပင်လျှင် ဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိပေ။

ဓားရှည်ကြီးကို ကိုင်ဆောင်ထားသော စစ်သည်တော်က ဒေါသတကြီး အော်ပြောလိုက်သည်။

"ငါ့ရဲ့ တတိယညီ‌လေးက ဒီကောင်လေးကို စလိုက်ရုံပဲလေ။ ဒါပေမဲ့ ဒီကောင်လေးက သူ့ကိုသတ်ပစ်လိုက်တယ်။ ဒါ မင်းတို့ သူရဲကောင်းတွေရဲ့ ကြင်နာမှုလား။"

ပထမစစ်သည်တော်တစ်ယောက်သည်အဆင့်သုံး ဒုတိယအဆင့်စစ်ပွဲဝင်မာစတာတစ်ယောက်ဖြစ်ပြီး ဒုတိယတစ်ယောက်မှာ ဒုတိယအဆင့်ဖြစ်ပြီး အဆင့်ရှစ်စစ်သည်တော်တွေ ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးက လီရှင်းကို မကြောက်ကြသော်လည်း လီရှင်း၏နောက်ခံဖြစ်သော မဟာမိတ်ကျောင်းတော်ကို လျစ်လျှူမရှုနိုင်ပေ။

လီရှင်းက အထင်သေးစွာဖြင့် ပြောလိုက်သည်။

"နင်တို့ မျက်စိကန်းနေတာလား။ ငါ့မောင်လေးက ကာကွယ်ရေးသူရဲကောင်းမဟုတ်ဘူး။ တိုက်ခိုက်ရေးသူရဲကောင်းရဲ့အလုပ်က ရန်သူကိုဖယ်ရှားဖို့ပဲ။ ငါ့မောင်လေးအကြောင်းငါသိတယ်။ နင်တို့ရဲ့အဖော်က သူ့ကိုလှောင်ပြောင်တဲ့ စကားမျိုးမပြောရင် ငါ့‌မောင်လေးက ဘယ်လိုသတ်ပစ်ပါ့မလဲ။ မင်းတို့မကျေနပ်ရင် ငါနဲ့လာချ "

ထိုသို့ပြောနေစဉ်တွင် လီရှင်း၏လက်နှစ်ဘက်ရှိ ဓားရှည်တစ်လက်သည် ထူးဆန်းစွာ အရောင်တောက်လာသည်။  ပါးလွှာသောရွှေရောင်စွမ်းအင်များကလည်း သူမခန္ဓာကိုယ်မှ ထွက်လာသည်။

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now