အပိုင်း ၂

2 1 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသောရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၂ : သူရဲကောင်းစာမေးပွဲ (၂)

"ဆရာ သူ့ကို အခွင့်အရေး နောက်တစ်ကြိမ်ပေးလိုက်ပါ၊ သူ့ကို ဖြေဆိုခွင့်ပေးလိုက်ပါ"

ထိုသို့ တောင်းဆိုလာသူမှာ အတန်းထဲ၌ အသက်အကြီးဆုံးဖြစ်‌သော ကျန်းဟူ ပင်ဖြစ်သည်။

"ဟုတ်တယ်ဆရာ၊ ဟောက်ချန်း ကို နောက်ထပ် အခွင့်အရေးပေးလိုက်ပါ။"

"ဟောက်ချန်းက နေ့တိုင်း အပြင်းအထန် လေ့ကျင့်တယ်၊ သူ့ကို ထပ်ပြီး အခွင့်အရေးတစ်ကြိမ်ပေးလိုက်ပါ ဆရာ"

ထိုအချိန်တွင် လုံဟောက်ချန်းအတွက်  တောင်းပန်စကားသံများသည် ခန်းမတွင်းရှိ ကလေးတိုင်းနီးပါး၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ ထိုအရာသည် ဟောက်ချန်း ကြိုးစားခြင်း၏ ရလဒ်ပင်ဖြစ်ပေသည်။ ထို့အပြင် သူတို့သည် ကလေးအုပ်စုမျှသာဖြစ်ပြီး ဆက်ဆံရေး အကျိုးရလဒ်ကိုမျှော်ကိုးပြီး တောင်းဆိုခြင်း မဟုတ်ပေ။သူတို့က ‌ဟောက်ချန်းအတွက် စိုးရိမ်သောကြောင့်ဖြစ်၏။

ပါ့အာကျားက

" အားလုံးတိတ်စမ်း"

ခန်းမအတွင်းရှိ က‌လေးများအားလုံး ငြိမ်သက်ကုန်ကြသည်။

ပါ့အာကျားက

" ကောင်းပြီ ငါသူ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်၊ မင်း ကျန်းဟူနဲ့ အရင်ယှဉ်ပြိုင်ရမယ် ၊ အခြား မအောင်တဲ့သူတွေလည်း အတူတူပဲ ကျန်းဟူနဲ့ ယှဉ်ပြိုင်ရမယ်။ သူ့ကို နိုင်တဲ့သူကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်၊ "

လုံဟောက်ချန်း အလွန်ဝမ်းသာသွားပြီး၊ ပါ့အာကျား ဘက်သို့ လှည့်လိုက်ကာ

" ကျေးဇူးတင်ပါတယ် ဆရာ "

ဟောက်ချန်းရဲ့ အပြုံးမျက်နှာကို မြင်လိုက်ရသောအခါ ပါ့အာကျား၏မျက်နှာထားမှာ ပျော့ပြောင်းသွားသည်။ မိန်းကလေးဆန်ဆန်ရုပ်ရည်ချောမောသော ဟောက်ချန်း ပြုံးပြလိုက်သောအခါ မည်သူမျှ ပင် လွန်ဆန်နိုင်မည်မဟုတ်ပေ။ ထို့နောက် လုံဟောက်ချန်း၏ အပြုံးမျက်နှာကို  လျစ်လျူ ရှုလိုက်ပြီး ကျန်းဟူဘက်လှည့်ကာ

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now