Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leoအပိုင်း ၁၇ : သူရဲကောင်းတို့ရဲ့ မြင့်မြတ်သောတောင် (၁)
ကောင်တာနောက်တွင် ရှိနေသော မိန်းမငယ်လေးဟာ
" မောင်လေး ၊ အိမ်မြန်မြန်ပြန်တော့။ ဒီနေရာက မောင်လေးလာသင့်တဲ့နေရာမဟုတ်ဘူး။ ဒီက စွန့်စားသူတွေနီးပါးက သွေးဆာနေကြတဲ့ သူတွေချည်း ။ သူတို့အကုန်လုံးက လူကောင်းတွေမဟုတ်ဘူး။ ဒါပေမဲ့ အကုန်လုံးက ငါတို့အဖွဲ့အစည်းထဲ ရှိနေတဲ့အတွက် မင်းအပေါ်ကို ဆိုးဝါးတာမျိုးလုပ်မှာမဟုတ်ဘူး။"
သူမ ပြောပြပြီးနောက်တွင် လုံဟောက်ချန်းဟာ သူမရှေ့တွင် ရုတ်တရက် ဒေါသတကြီး ဖြစ်နေတာကို တွေ့လိုက်ရ၏။
"ခင်ဗျား ငါ့ရဲ့အမေကို မစော်ကားသင့်ဘူး"
ထိုစကားကိုပြောရင်း လုံဟောက်ချန်းက သူ့လက်ထဲမှ အရာတစ်ခုကို ကောင်မလေးဆီ အပ်ထားခဲ့ပြီး လှည့်ထွက်လာသည်။
အသက်ဆယ်နှစ်အရွယ် လုံဟောက်ချန်း၏ အရပ်သည် ထွားကျိုင်းလှသော လော့စိုင်းဟူရဲ့ ဝမ်းဗိုက်လောက်သာ ရှိသော်လည်း သူ၏ခြေလှမ်းများမှာ အရမ်းတည်ငြိမ်နေသည်။
"ဟား ဟား ဟား၊ အားလုံး မြန်မြန်ကြည့်၊ ဒီကလေးက ဒေါသအရမ်းထွက်ပြနေပြီ။ တက်... တက်...ဒီနူးညံ့ပြီး မျက်ရည်လွယ်တဲ့ လှလိုက်တဲ့ ပါးပြင်လေးကို ကြည့်...!အခုတော့ သူမက ကြက်ပေါက်လေးလိုပဲ ပြည့်တန်ဆာအိမ်က ပထမတန်းဝင် အမျိုးသမီးတစ်ယောက် ဖြစ်လောက်မယ်။"
လော့စိုင်းဟူရဲ့ လက်တွင် အစွန်းနှစ်ဖက်ရှိ တိုက်ပွဲဝင်ပုဆိန်တစ်လက်ရှိပြီး လုံဟောက်ချန်းအား ရယ်မောနေရင်း ပုဆိန်တစ်ဖက်ပေါ်တွင် သူ့ခန္ဓာကိုယ်ကို မှီထားသည်။လုံဟောက်ချန်းသည် လော့စိုင်းဟူရဲ့ ရှေ့ရှိ 3.3 မီတာတွင်ရပ်လိုက်သည်။ သူ့မျက်နှာမှာ တည်ငြိမ်နေသည်။ ခါးဖြောင့်ဖြောင့်နေကာ ဘယ်ဘက်လက်ဖြင့် လက်သီးဆုပ်ပြီး ညာဘက်ရင်ဘတ်ပေါ်တွင်တင်လျက် သူရဲကောင်းအနေအထားအတိုင်း လေးစားသမှု ပြုသည်။
ထို့နောက် သူသည် လက်အိတ်ဖြူတစ်ထည်ကို ထုတ်ယူပြီး အခြားတစ်ဖက်သို့ ပစ်ချကာ သူ့နောက်ကျောမှ ဓားရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
YOU ARE READING
ချိပ်ပိတ်ထားသောရာဇပုလ္လင်
FantasyThrone Of Seal (ချိပ်ပိတ်ထားသောရာဇပုလ္လင်) Review မူရင်း ။ ထန်ကျားစန်းရှောက် ဘာသာပြန် ။ Xiao Leo ကမ္ဘာမြေပေါ်သို့နတ်ဆိုးများ ကျရောက်လာပြီးနောက် လူသားမျိုးနွယ်ရဲ့ ပျက်သုန်းမှု ကပ်ဘေးကြီးတစ်ခု ကျရောက်လာခဲ့သည်။ ကျောင်းတော်ကြီးခြောက်ခုဟာလည်းပေါ်ပေါက...