အပိုင်း ၁၁

0 0 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၁၁ : ငရဲမှလာသော ဆရာ (၃)

ညာလက်မှ ကိုင်ဆောင်ထားသော ဓားကို မြေကြီးထဲ အားဖြင့် ထိုးစိုက်လိုက်သည်နှင့်  တပြိုင်နက် သူရဲ့ နောက်ကျောမှအားကိုစုရင်း သူ၏ ဘယ်ဘက်လက်မှ ဓားကို အစွမ်းကုန်ရှေ့သို့ တွန်းလိုက်သည်။ ။ ယခုအချိန်တွင် လုံဟောက်ချန်းသည်  သူ၏ ဝိညာဉ်စွမ်းအားက
အဆင့်သစ်တစ်ခုသို့ ထိုးဖောက်သွားသည်ကို ခံစားလိုက်ရသည်။  ဓားသည် ကင်းမြီးကောက်အမြှီးပါရှိသော ပုတ်သင်မိစ္ဆာ၏ အောက်မေးရိုးကို ပြင်းပြင်းထန်ထန် ထိမှန်၍ သူ၏ အားပြင်းသော တိုက်ခိုက်မှုများဟာလည်း လျော့ကျသွားသည်။ ၎င်း၏ ပါးစပ်သည်လည်း ပိတ်သွားသည် ။

တစ်ချိန်တည်းမှာပင် ဟောက်ချန်းသည် ထိုးစိုက်ခဲ့သော ဝါးဓားရှည်ကို ညာလက်ဖြင့် အသုံးပြုကာ လမ်းကြောင်းပေါ်မှ ‌ခုန်ဆင်းလာကာ ဘယ်ခြေဖြင့် ၎င်း၏မေးရိုးကို ဖြတ်ကန်လိုက်သည်။ နှစ်ဆင့်လောက် ဖြတ်ကန်လိုက်သောကြောင့် ထိုသားရဲမှ ဟန်ချက်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျသွားသည်။

ထိုအချိန်တွင် မြေပြင်၌ စိုက်ထားသော ဝါးဓားရှည်အား အားပြု၍ ရပ်နေသော လုံဟောက်ချန်းသည်  ညာလက်မှ ဝါးဓားကို လွှတ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြန်ခုန်ချနိုင်သွားသည်။ သူ၏ဘယ်ဘက်လက်မှ ဝါးဓားရှည်သည် သေးငယ်သော အဖြူရောင် လျှပ်စီးလက်သည့် ပုံစံဖြစ်ကာ အပေါ်သို့ ဖြတ်သွားသည်။

"ဘန်း"

ဟူသောအသံနှင့်အတူ လုံဟောက်ချန်း၏ ခန္ဓာကိုယ်သည်အပေါ်သို့ လွင့်ထွက်သွားကာ သတ္တဝါ၏ အောက်သို့ ရောက်သွားပြီး ၎င်း၏ဝမ်းဗိုက်ကို ဝါးဓားဖြင့်ထိုးဖောက်လိုက်သည်။

မှော်သားရဲမှာ နာကျင်စွာ အော်ဟစ်ရုန်းကန်ရင်း အမြှီးမှာ လုံဟောက်ချန်းဆီသို့ ဦးတည်၍ လာသည်။

သို့သော် လုံဟောက်ချန်းသည် ထိုအ‌ခြေအ‌နေကို  ကြိုတင်တွက်ဆပြီး ဖြစ်တာကြောင့် ဓားကို အသုံးပြုကာ နောက်ဆုံးတိုက်ခိုက်မှုကို ကာကွယ် တုံ့ပြန်ခဲ့သည်။ မြေပြင်၌ ထိုးစိုက်ထားသော ဓားကို ညာလက်ဖြင့် ဆွဲထုတ်ကာ ခုခံသည့် အနေအထားသို့ မရောက်မီ ဘေးသို့ ခုန်ဆင်းလိုက်သည်။

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now