အပိုင်း ၁၉

0 0 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၁၉ : သူရဲကောင်းရဲ့ မြင့်မြတ်သောတောင် (၃)

"မြင့်မြတ်သောသူရဲကောင်းတောင်က ငါတို့ သူရဲကောင်းကျောင်းတော်က မှော်သားရဲမျိုးကွဲ အစုံကို  မွေးထားတဲ့နေရာပဲ။ အဲ့ဒီတောင်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်က မဟာမိတ်ကျောင်းတော်အဖွဲ့က ငါတို့ရဲ့ဘိုးဘေး‌တွေ တွေ့ရှိခဲ့တဲ့ ထူးခြားချက်တစ်ခု ဖြစ်တယ်။ အဲ့ဒီနေရာက မှော်သားရဲတွေအတွက် အသက်ရှင်ဖို့နဲ့ ကြီးမားဖွံ့ဖြိုးလာဖို့  အကောင်းဆုံး‌နေရာ တစ်ခုပဲ။  သူတို့ရဲ့  ရိုင်းစိုင်းတတ်‌တဲ့
အကျင့်ကို လျော့ပါးစေတယ်။  အဲ့တော့ ငါတို့က သူတို့ကို ထိန်းကျောင်းရတာ ပိုလွယ်သွားတယ်လေ။ သူတို့ထဲ တစ်ကောင်ဟာ သူရဲကောင်းတစ်ယောက်ကို အသိအမှတ်ပြုလိုက်ပြီဆိုရင် အဲ့ဒီအသိအမှတ်ပြုလိုက်တဲ့ သားရဲဟာ အဲ့ဒီသူရဲကောင်းရဲ့ အပိုင်ပဲ ။  အဲ့ဒါ ငါတို့သူရဲကောင်းကျောင်းတော်က ပေးအပ်တဲ့ အခွင့်အရေးတွေထဲက တစ်ခုပဲ။ မှော်ကျောင်းတော်က လူငယ်တွေပဲရနိုင်တဲ့ အရာဖြစ်လို့ ငါတို့ မဟာမိတ်ကျောင်းတော်က သူရဲကောင်းတိုင်း အဲဒီတောင်ကို ရောက်ဖူးကြတယ်"

လုံဟောက်ချန်း၏ နက်ပြာရောင်မျက်လုံးများမှာ ချက်ချင်းတောက်ပလာပြီး

"အဲ့ဒီ သူရဲကောင်းတို့ရဲ့ အထွတ်အမြတ်ထားရာ တောင်မှာရှိတဲ့ မှော်သားရဲတွေ အကုန် ပြောင်သွားမယ်ဆိုရင်ရော? "

လီရှင်းဟာ ရယ်မောနေခြင်းကို မထိန်းချုပ်နိုင်တော့ဘဲ

"ဒါက ဘယ်လွယ်ပါ့မလဲ။ ငါတို့ သူရဲကောင်းကျောင်းတော်ထဲ တစ်နှစ်မှာ အသက်နှစ်ဆယ်အောက် အစစ်အမှန်သူရဲကောင်း ဆယ်ယောက်ရှိရင်တောင် မဆိုးဘူးလို့ ပြောလို့ရတယ်။  တစ်ခါတလေ တစ်နှစ်ကို ဆယ်ယောက်‌တောင် မရှိဘူး။ အဲ့ဒီတောင်မှာ မှော်သားရဲ‌တွေရဲ့ ‌နေရာတစ်ခုခြင်းစီနဲ့ အချိန်တစ်ခုကြားမှ ချိတ်ဆက်ထားတဲ့မြင့်မြတ်သောဆင့်ခေါ်ပွဲကြီးလည်းရှိသည်။  ဒါကြောင့် တောင်ပေါ်မှာ မှော်သားရဲတွေ မရှိတော့မှာ မပူနဲ့။ နဝမအဆင့် မှော်သားရဲတွေတောင် ရှိတယ်။ တကယ်လို့ လူတစ်ယောက်က နဝမအဆင့် မှော်သားရဲကို ရနိုင်ရင် သူ့ရဲ့မှော်စွမ်းအင်က အဆင့်ခုနစ်ကို ရောက်နေပြီလို့ပြောလို့ရတယ်။ "

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now