အပိုင်း ၁၀

0 0 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၁၀ : ငရဲမှလာသောဆရာ (၂)

ခုနှစ်ရက်လုံးလုံး ထိုနည်းတူစွာ ဖြတ်သန်းခဲ့ရသည် ။ ဇီးကွက်ပုရွက်ဆိတ်အသိုက်ထဲရှိ လုံဟောက်ချန်းသည် ယခင်က နာရီဝက်သာ တောင်ခံနိုင်ပါသော်လည်း ယခုအခါ အချိန်တစ်နာရီ ‌ကြာအောင် ကောင်းစွာ တိုက်ခိုက်နိုင်လေပြီ။

ရေနွေးကန်ထဲ စိမ်ပြီးနောက်မှာ ညစာစားကြသည်။ လုံဟောက်ချန်းသည် ရှင်းယွီရဲ့ သင်ပြမှုအောက်မှာ ကောင်းစွာ သင်ကြားသည်။ လက်တွေ့သင်ခြင်း တစ်ပတ်လောက်ကြာသွားပြီးနောက် လုံဟောက်ချန်းသည် ရှင်းယွီကို လေးစားအားကျရုံသာမက သူ့ကိုလည်း ကြောက်ရသေးသည်။

"ဒီနေ့ညတော့ အိမ်ပြန်ဖို့ မလိုအပ်သေးဘူး။ ဒါပေမဲ့ ဒီနေ့ တရားထိုင်တာကိုတော့ ဖျက်သိမ်းလိုက်မယ် သွား.. မနက်ဖြန် မနက်စောစော ဒီနေရာမှာမှာ စုံကြမယ်..."

ရှင်းယွီက ပြောရင်းဆိုရင်း ဒြပ်စင်လေ့ကျင့်ရေး ဆေးရည်ပုလင်းကို ဟောက်ချန်းကို ပစ်ပေးလိုက်၏။ ပစ်ပေးလာသော ဆေးရည်ပုလင်းကို ဟောက်ချန်းက လက်နဲ့ ဖမ်းယူလိုက်သည်။ ထို့နောက် သူထွက်ခွာသွား၏။

လုံဟောက်ချန်းသည် ရှင်းယွီရဲ့ဂရုစိုက်မှုကို မြင်တွေ့ပြီးနောက် ..
ရိုသေသမှုဖြင့် ပို၍ပင် လေးစားလာသည်။ ပြီးနောက် သစ်သားအိမ်မှ ထွက်ခွာလာခဲ့ကြသည်။

"နောက်ဆုံးတော့ ငါ အိမ်ပြန်နိုင်ပြီ "

လုံဟောက်ချန်း လွှတ်လိုက်သော လက်ကို ကြည့်ရင်း ရှင်းယွီက တစ်ချက်ပြုံးပြလိုက်သည်။ သို့သော် ဟောက်ချန်းက သတိမထားမိပေ။

"ငတုံးလေး.. မင်းရောက်နေတာ ဘယ်နေရာလဲ ဆိုတာ မေ့နေတာလား။သုံးနှစ်.. ငါက သုံးနှစ်ပဲ နေနိုင်မှာ။ ငါမင်းကို ဒီသုံးနှစ်အတောအတွင်း ငါတတ်နိုင်တာမှန်သမျှ သင်ပေးမယ်"

လုံဟောက်ချန်းသည် တောင်ပေါ်မှ ပြေးဆင်းရင်း သူ့ရဲ့ ခန္ဓာကိုယ် ပေါ့‌ပါးလာတာကို ခံစားမိသည်။

တစ်ပတ်အတွင်းမှာပဲ သူ့ရဲ့ အာရုံခံစားမှုတွေက အရင်ကထက် သိသိသာသာ ပိုတိုးတက်လာတာကို တွေ့ရှိခဲ့သည်။ ထိုဇီးကွက်ပုရွက်ဆိတ်အသိုက်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုမှာ မချိမဆံ့ဖြစ်နေသော်လည်း ထိုနေရာသို့သွားသည့်အခါတိုင်း သူခံစားရသည်မှာ မတူတော့ပါ။ နောက်ဆုံးတော့  အနည်းဆုံး တစ်ပတ်ကျော်သွားပြီ။ ယခုအခါ သူက ဇီးကွက်ပုရွက်ဆိတ်များ၏ လမ်းကြောင်းအရပ်ရပ်မှ တိုက်ခိုက်မှုများကို စနစ်တကျ ခုခံနိုင်နေပြီဖြစ်သည်။ တုံ့ပြန်မှု အမြန်နှုန်းက သူစရောက်တုန်းကထက် အများကြီး ပိုမြန်နေသည်။

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now