Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇ ပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leoအပိုင်း ၈ : ဆန်းကြယ်သောဆရာ (၄)
"နတ်ဆိုးတွေက လူသားမျိုးနွယ်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးသွေးမြေကျစေခဲ့တယ် လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်အတွင်းမှာ လုံးဝနောင်တမရဘဲ လူသားမျိုးနွယ်က ရှင်သန်ဖို့အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြတယ် တစ်နေ့မှာတော့ ငါတို့ ဆုံးရှုံးသွားတဲ့ နယ်မြေကို ပြန်ယူနိုင်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတွေကို နှင်ထုတ်နိုင်ရမယ် ငါတို့ နောက်ဆုံးထွက်သက်အထိတိုင်အောင် ကြိုးစားကြရမယ်"
"လုံဟောက်ချန်း နတ်ဆိုးမျိုးနွယ်စုတွေက ငါတို့အတွက် အဆိုးဆုံးနဲ့မုန်းစရာ အကောင်းဆုံး ရန်သူတွေပဲ ဆိုတာ မင်းသေချာမှတ်ထားရမယ် "
ရှင်းယွီ၏အသံသည် စွမ်းအင်များနှင့်ပြည့်နှပ်ပြီး ကိုးနှစ်သား လုံဟောက်ချန်းပင်လျှင် သူ့စကားကြောင့် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားလာပြီး သူ၏စိတ်ကိုလွှမ်းမိုးသွားခဲ့သည်။
"နတ်ဆိုးမျိုးနွယ်စုတွေက ကျွန်တော်တို့အတွက် အဆိုးဆုံးနဲ့မုန်းစရာ အကောင်းဆုံး ရန်သူတွေပဲ "
လုံဟောက်ချန်းက ရှင်းယွီ၏ လေသံကဲ့သို့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှင်းယွီက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"သူတို့ကို ငါတို့ မွေးရပ်မြေကနေ မောင်းထုတ်ဖို့၊ ပျောက်ဆုံးနေတဲ့နယ်မြေကို ပြန်လည်သိမ်းပိုက်ဖို့နဲ့ အရေးကြီးတဲ့နေရာတွေကို ကာကွယ်ဖို့အတွက်ပဲ အာရုံစိုက်ရမယ်။ အကယ်၍ တစ်နေ့နေ့မှာ ငါတို့က နတ်ဆိုးတွေကိုမတားဆီးနိုင်ခဲ့ရင် အိုဒင်မြို့ ဘယ်လိုဖြစ်သွားမလဲ၊ မင်းအမေနဲ့ မင်းသူငယ်ချင်းတွေ ဘယ်လိုဘေးဆိုးတွေကြုံရမလဲ စဉ်းစားကြည့် "
လုံဟောက်ချန်းကို ကြည့်၍ ထိုသို့ပြောလိုက်သောအခါ သူသည်အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားပြီး နောက် သူ့အကြည့်သည် ကြမ်းတမ်းလာသည်။
YOU ARE READING
ချိပ်ပိတ်ထားသောရာဇပုလ္လင်
FantasyThrone Of Seal (ချိပ်ပိတ်ထားသောရာဇပုလ္လင်) Review မူရင်း ။ ထန်ကျားစန်းရှောက် ဘာသာပြန် ။ Xiao Leo ကမ္ဘာမြေပေါ်သို့နတ်ဆိုးများ ကျရောက်လာပြီးနောက် လူသားမျိုးနွယ်ရဲ့ ပျက်သုန်းမှု ကပ်ဘေးကြီးတစ်ခု ကျရောက်လာခဲ့သည်။ ကျောင်းတော်ကြီးခြောက်ခုဟာလည်းပေါ်ပေါက...