အပိုင်း ၁၄

1 0 0
                                    

Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leo

အပိုင်း ၁၄  : သူရဲကောင်းအကဲဖြတ်ခြင်း (၂)

လေးနက်သော အမူအရာရှိသည့် ဦးလေးနာ့လန်ကို လီရှင်းမှာ စပ်စုလိုစိတ်အပြည့်ဖြင့် ဘေးနားတွင် ရပ်ကြည့်နေသည်။ နာ့လန်ရှု သည် ဟောက်ယွဲ့ခန်းမ၏ သခင်တင်မဟုတ်ပဲ အဆင့်ငါး အစစ်အမှန် သူရဲကောင်းတစ်ယောက်လည်း ဖြစ်သည်။မဟာမိတ်ကျောင်းတော်တွင် သူ့ကိုယှဉ်နိုင်သော သူသိပ်မရှိပေ။ ရိုးရှင်းသောစာတစ်စောင်က သူ့ကို ဒီလောက်ဖြစ်သွားစေတာဆိုတော့ အကြောင်းရင်းတစ်ခုပဲ ရှိသည်။

ထိုအကြောင်းကို သူမတွေးနေစဉ် စာကိုဖတ်ပြီးသော နာ့လန်ရှုသည် လုံဟောက်ချန်းဘက်သို့ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ငါနဲ့လိုက်ခဲ့"

ထို့နောက် အပြင်သို့ ထွက်သွားသည်။

လုံဟောက်ချန်းသည် နာလန်ရှု၏နောက်သို့ စပ်စုချင်စိတ်အပြည့်ဖြစ်နေသော လီရှင်းနှင့်အတူ လိုက်ပါသွားခဲ့သည်။

ဟောက်ယွဲ့ခန်းမ၏ ပထမထပ်သည် အဓိကဧည့်ခန်းတစ်ခုဖြစ်သည်။ဒုတိယထပ်သည် ကိစ္စအဝဝကို ကိုင်တွယ်သည့်နေရာဖြစ်ပြီး တတိယထပ်ကို စာမေးပွဲဖြေဆိုသည့်နေရာဟု လူသိများသည်။ဟောက်ယွဲ့ခန်းမမှ သူရဲကောင်းများသည် ခန်းမအနောက်ဘက်ရှိ အဆောက်အဦတစ်ခုတွင် နေထိုင်၏။

တတိယထပ်ရှိ အဆောက်အဦး၏ ခန်းမထိပ်တွင် အမိုးခုံး တစ်ခုရှိသည်။ လုံဟောက်ချန်းမှာ ဝင်လိုက်သည်နှင့်  စိတ်ပျက်နေသော
အငွေ့အသက်တစ်မျိုးကို ခံစားလိုက်ရသည်။ တတိယထပ်သည် အလွန်ကျယ်ဝန်းသော ခန်းမတစ်ခု ဖြစ်သည်။  အမြင့်ငါးမီတာခန့်ရှိကာ အလှဆင်မှုတစ်စုံတစ်ရာမရှိပေ။ဘေးပတ်ပတ်လည်နံရံများတွင် သင်္ကေတပါရှိသော မျဉ်းကြောင်းအချို့ရှိ၍ ခမ်းနားသော ခင်းကျင်းမှုတစ်ခုဖြစ်သည်။

နာ့လန်ရှုမှာ စာမေးပွဲခန်းသို့ ရောက်လာသည်။ သူ၏ညာလက်မှ အပြာရောင်အလင်းတန်းတစ်ခု ထွက်လာ၏။ မြေမျက်နှာပြင်မှ ကျောက်တိုင်တစ်ခု ချက်ချင်း အပေါ်သို့ ထွက်‌ပေါ်လာသည်။၎င်းမှာအနက်ရောင်ဖြစ်ပြီး ဘာပစ္စည်းလဲဆိုတာ ခန့်မှန်းရခက်သည်။

ချိပ်ပိတ်ထားသောရာဇပုလ္လင်Where stories live. Discover now