Throne Of Seal
(ချိပ်ပိတ်ထားသော ရာဇပုလ္လင်)
မူရင်း - Tang Jia San Shao
ဘာသာပြန် - Xiao Leoအပိုင်း ၂၀ : မြင့်မြတ်သော သူရဲကောင်းတောင် (၄)
ရှင်းယွီဆီမှ လုံဟောက်ချန်းနှင့်အလွန်ရင်းနှီးသော ရနံ့ကို ရသောအခါ စတင်ငိုကြွေးခဲ့သည်။
မျက်ရည်များမှာ ထိန်းချုပ်မထားနိုင်တော့ဘဲ ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွား၏။ ထို့နောက် သူကိုက်ထားတာကိုဖယ်လိုက်သောအခါ ရှင်းယွီရဲ့ လက်မောင်းမှ သွားရာသည် သွေးများစွန်းထင်းလျက်ရှိနေသည်။လုံဟောက်ချန်းက ကျယ်လောင်စွာ မေးလိုက်သည်။
" ဘာလို့လဲ ဘာလို့ ကျွန်တော့်ကို မသတ်ရတာလဲ "
" ငါက မင်းအဖေ ဖြစ်နေလို့ပဲ "
ရိုးရှင်းသောစကားကို ကြားလိုက်ရသောအခါ ဒေါသများ ပြည့်နှက်နေသော လုံဟောက်ချန်း၏မျက်နှာမှာ ရုတ်တရက် ဖြူလျော်သွားပြီး ထိုနေရာတွင် မလှုပ်မယှက်ဖြင့် ရှင်းယွီကိုသာ စိုက်ကြည့်နေတော့သည်။
" ဘယ်လို ...ဆရာ ဘာပြောလိုက်တာလဲ... "
လုံဟောက်ချန်း၏ မျက်နှာမှာ မယုံကြည်နိုင်သော ခံစားချက်များဖြင့် ပြည့်နက်နေပြီး သူ၏မျက်နှာမှာ တဖြည်းဖြည်း ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
လုံရှင်းယွီက သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ လုံဟောက်ချန်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းရင်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ
" ငါက မင်းအဖေပါ၊ မင်းတစ်ခါမှ မတွေ့ဖူးသေးတဲ့ အဖေပါ။ ရှင်းယွီဆိုတာ ငါ့နာမည်ပဲ။မင်းဆီမှာ မင်းမိသားစုရဲ့ မျိုးရိုးနာမည် ရှိတယ်။ ငါတို့နှစ်ယောက်လုံးက ' လုံ ' မိသားစုဝင်တွေပဲ "
ထိုစကားကို ပြောပြီးတဲ့နောက်မှာ သူ့လက်ထဲမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာပြီး ပိုင်ယွဲ့၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော စွမ်းအားကို ဖြေလျော့လိုက်သည်။
ပိုင်ယွဲ့က သူတို့ဆီ အမြန်ပြေးသွားပြီး လုံရှင်းယွီ၏ ရင်ခွင်ထဲမှ လုံဟောက်ချန်းကို ဆွဲထုတ်လိုက်ကာ စူးစိုက်ကြည့်ရင်း
YOU ARE READING
ချိပ်ပိတ်ထားသောရာဇပုလ္လင်
FantasyThrone Of Seal (ချိပ်ပိတ်ထားသောရာဇပုလ္လင်) Review မူရင်း ။ ထန်ကျားစန်းရှောက် ဘာသာပြန် ။ Xiao Leo ကမ္ဘာမြေပေါ်သို့နတ်ဆိုးများ ကျရောက်လာပြီးနောက် လူသားမျိုးနွယ်ရဲ့ ပျက်သုန်းမှု ကပ်ဘေးကြီးတစ်ခု ကျရောက်လာခဲ့သည်။ ကျောင်းတော်ကြီးခြောက်ခုဟာလည်းပေါ်ပေါက...