အိမ်သို့ရောက်တော့ တလမ်းလုံးဘာစကားမှမပြောပဲ မျက်လုံးလေးမှိတ်ကာ အနားယူလို့ ငြိမ်လာတဲ့ Tae ဟာ အိမ်ရှေ့ဆိုဖာထိုင်လို့ သူအတွက် ဆေးသောက်ဖို့ ဆေးထုတ်နေတဲ့ Hobi ကိုလှမ်းမေးလိုက်သည်..
" Hyung ခုဏ လူက ဘယ်သူလည်း "
" Taehyung မင်းတကယ်ပဲ သူဌေးJeon ကိုမသိဘူးလား "
" ဟုတ် မသိဘူး "
" မင်းဟာလေ.. မင်းကံကောင်းတယ်မှတ် ဒီနေ့မင်းလုပ်လိုက်တာက မင်းအဲ့နေရာမှာတင် အသက်ထွက်သွားနိုင်တယ်ဆိုတာသိလား "
" ဘာလို့ "
" သူဌေး Jeon ဆိုတာ ဘယ်သူမှမော်မကြည့်ရဲတဲ့လူတယောက်ကွ စီးပွားရေးနယ်ပယ်မှာရော
အာဏပိုင်းမှာရော Jeon မိသားစုကို ယှဥ်ရဲတဲ့သူမရှိဘူး သမ္မတတောင်သူ့တို့လက်အောက်မှာပဲ..ဒါကြောင့် သူဌေး Jeon က ဘိန်းကိုတောင် လုပ်ငန်းကြီးတခုလိုလုပ်ကိုင်နေတာကွ..
တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ ထက်အာဏာကြီးတာ Jeon မိသားစုပဲ "" ဒါများ နိုင်ငံကိုသူတို့ပဲအုပ်ချုပ်ခိုင်းလိုက်ပါတော့လား "
"ဟားဟား နိုင်ငံအုပ်ချုပ်တယ်ဆိုတာ Jeon မိသားစုအတွက် ကလေးကစားစရာသာသာပဲ Taehyung ..ဒါနဲ့ ဒီနေ့ဘယ်လိုဖြစ်ရတာလည်း Taehyung လေး နေမကောင်းဘူးလား "
" ကျွန်တော်ပွဲထဲ မှာနေရင်း နေလို့မကောင်းလို့ ကျွန်တော်ကားစီပြန်မလို့ပဲ ဓာတ်လှေကား ထဲရောက်တော့ မျက်လုံးတွေဝါးလာတာ အထဲမှာလူပါတော့ ဟန်ဆောင်ပြီးနေသေးတယ် ဓာတ်လှေကားအပြင်ရောက်တော့ အထပ်မှားနိုပ်မိတာသိတယ် အဲ့နောက်ပိုင်းမသိတော့ဘူး Hyung."
" မင်း နဲ့တူတူ ဓာတ်လှေကားစီးတာလည်း သူဌေးJeon ပဲ.. မင်းကိုလဲကျသွားလို့ သူ့အခန်းထဲ ခေါ်သွားတာလည်း သူဌေးJeon ပဲ.. ဒါတောင်မင်းက "
" မသိဘူးလေ ကျွန်တော်ကို တခုခုလုပ်လိုက်တယ်ထင်လို့ပေါ့ ပြီးတော့ အဲ့လူကြီးက အကျီဟပြဲကြီးနဲ့ ကျွန်တော်ရှေ့ရောက်လာတော့ ရှက်လဲရှက်တာလည်းပါတယ် အဲ့တာကြောင့် လက်ကအလိုလိုရောက်သွားတာ.."
" အေးကောင်းတယ် အသက်နဲ့ခန္တာအိုးစားမကွဲလာတာပဲ ကံကောင်းတယ်မှတ်.. မနက်ဖြန် show အတွက် အားမွေးထားအုံး ဒါဆို Hyung ပြန်တော့မယ် "