25

4.3K 230 16
                                    

" အကိုTaehyung ခင်ဗျာ ခရီးလည်းသွားပြီးပြီ ခရီးကနေ ကောက်ခါငင်ခါကြီး ချစ်သူက သူဌေးJeon ပါလို့လူသိရှင်ကြား​ကြော်ငြာလိုက်လို့ ကျွန်တော်မှာ Media တွေကို အကို Taehyung အစားပါးစပ်အာပေါက်အောင်ရှင်းလည်းရှင်းထားပေးပါတယ် ခုလောက်ဆို အလုပ်လေးပြန်လုပ်ဖို့ အဆင်ပြေပြီလားဟင် "

" ဟီးဟီး Hyung ကလည်း လာနောက်နေတယ် ဒီလောက်လန်းဆန်းနေတဲ့ နေ့ကြီးမှာ အလုပ်မလုပ်ရင်ဘာလုပ်ရမှာလည်း "

" ဘာလုပ်ချင်သေးလို့လည်း "

" Mr.Jeon နဲ့တွေ့ချင်တယ် "

" ရားး Kim Taehyung!!!"

" ဟီးဟီး စတာ.. ညမှတွေ့မှာပေါ့ "

ဆိုဖာပေါ်ပက်လက်ကြီးလှန်ချကာ အော်ဟစ်နေတဲ့ မန်နေဂျာ Hobi..

" ဘယ်ဘဝ ဝဋ်ကြွေးတွေကြောင့် အတွဲတွေကြားထဲရောက်နေရတာလည်း အရှင်ဘုရားတပည့်တော်ကိုသနားသောအားဖြင့်အတွဲတွေကြားထဲမရောက်အောင့်စောင့်လျှောက်ပေးတော်မှုပါ "

" Hyung ထ ဒီနေ့ အစီအစဥ်တွေပြောအုံး "

" ဒီနေ့ဘာမှမရှိဘူး မနက်ဖြန်အတွက်တော့ ရော့ဖိတ်စာရောက်နေတယ် သမ္မတ​မြေး 5နှစ်ပြည့်မွေးနေ့ အဲ့ကလေးကမင်းရဲ့ Fan ပေါက်စလေး မင်းကိုသူကိုယ်တိုင်ဖိတ်ခိုင်းလိုက်တာတဲ့ မင်းတက်မှာလားမတက်ဘူးလားပြော "

Taehyung ဖိတ်စာကိုဖွင့်ကာဖတ်လိုက်ပြီး ဖိတ်စာထဲက နာမည်တို့ကိုဖတ်ကာ ပြုံးလို့..

" ကိုယ့်ရဲ့ Fan ပေါက်စလေးပွဲပဲတက်ရမှာပေါ့ တကူးတကကြီးတောင်ဖိတ်တာ သွားကိုသွားရမှာပေါ့ Hyung ကျွန်တော်အတွက် အဖြူရောင် suit ဝမ်းဆက်စီစဥ်​ပေးထားပါ ဒါပဲလား ဒါပဲဆို ကျွန်တော်ကို ကိတ်လုပ်ဖို့ ပစ္စည်းအစုံဝယ်ပေးပြီး Hyung ပြန်တော့ "

" မင်းဘာလုပ်ဖို့လည်း "

" ကိတ်လုပ်ဖို့ ပစ္စည်းဝယ်ခိုင်းနေတာလေ ဘာလုပ်မယ်ထင်နေလို့လည်း "

" မေးမိတာငါမှားတာ "

CHARACTER

Hobi လည်း Taehyung မှာတဲ့အတိုင်း market ကိုထွက်လာခဲ့လိုက်သည်..Hobi ထွက်သွားတော့ စားပွဲပေါ်က ဖုန်းကိုယူကာ နံပါတ်တွေနဲ့ဖုန်းကိုလှမ်းဆက်လိုက်တဲ့ Taehyung..

CHARACTER (complete) Where stories live. Discover now