ဂျပန်ကပြန်ရောက်ပြီးထဲက နားရက်ရနေတာဒီနေ့တော့အလုပ်တွေပြန်စပြီ ရိုက်စရာရှိတဲ့ကြော်ငြာတွေအရင်စပြန်ရိုက်နေရပြီလေ..
ခုတော့ကြော်ငြာကိစ္စတွေနဲ့ နားရက်ကိုမရှိတဲ့ Taehyung ခုလည်း ကြော်ငြာနဲ့ မဂ္ဂဇင်းအတွက် photoshooting မှာရောက်လို့နေသည်..
သူဌေး Jeon ကုမ္မဏီ ရဲ့ ကြော်ငြာကတော့ သူ့အလှည့်မရောက်သေးတာကြောင့်မရိုက်ဖြစ်သေး..
အဲ့ဒါကြောင့်လည်း ဟိုတနေ့ညစာစားပြီးထဲက ချစ်သူအဆင့်တော့ရောက်သွားခဲ့ကြပေမယ့် အမြဲတော့ မတွေ့ဖြစ်ဘူးလို့ပြောရပေမယ့် နေတိုင်းနှင်းဆီပန်းတွေကတော့ ပို့မြဲပို့ဆဲ.." Taehyung ဒီတပုံကို အဲ့ပေါ်လေးတက်လိုက်နော် "
" ဟုတ်ကဲ့ "
Taehyung က photshooting ရိုက်ရင်း ခုံပေါ်တက်ပြီး ရိုက်ရတဲ့ဓာတ်ပုံမှာ ခုံပေါ်က ပြန်အဆင်းမှာချေ ချော်သွားတာကြောင့် ခြေထောက်ခေါက်လို့သွားသည်..
" အာ့ "
Hobi " Taehyung အဆင်ပြေရဲ့လား "
" နဲနဲတော့ နာသွားတာ ရေနွေးအိတ်ကပ်ရင်ရမယ်ထင်တယ် နောက်ကျန်သေးတယ်မဟုတ်လား Hyung "
" အင်း သုံးစုံစာလောက်လဲရအုံးမှာ "
" အင်း ဒါရိုက်တာကြီး ခဏနားမယ်နော် "
" ရတယ် Taehyung ခြေထောက်ကအဆင်ပြေရဲ့လား မပြေရင်ဒီနေ့နားလိုက်ကြမလား."
" ရပါတယ် ဓာတ်ပုံရိုက်တာပဲဘောလုံးကန်တာမှမဟုတ်တာ ရတယ်ခဏလေးပဲ ရေနွေးကပ်လိုက်အုံးမယ်နော် ဒါရိုက်တာကြီး "
Taehyung ဟာ ဒါရိုက်အပြင်အခြားအဖွဲ့သားတွေကိုသယ ခေါင်းလေးငုံ့ကာအရိုအသေပေးလို့တောင်းပန်ကာ သူ့နားရမယ့်ထိုင်ခုံလေးမှာထိုင်နေလိုက်သည်..
ဒါကို Taehyung မသိအောင်အနားမှာ သူလူတယောက်အမြဲလွှတ်ထားတက်တာကြောင့်ထိုလူကနေ ဖုန်းဆက်အကြောင်းကြားလိုက်တာနဲ့ ချက်ချင်းရောက်လို့လာတဲ့ သူဌေး Jeon..
...🐰🐯
shooting ထဲဝင်လာထဲက သူဌေး Jeon ကိုမြင်လိုက်သည်နှင့် အားလုံးဟာထိပ်လန့်တကြားဖြစ်လို့သွားသည်..ဂျပန်က ဓာတ်ပုံတွေနဲ့ အတူတူသွားလာထားကြတာတွေကြောင့် တချို့တွေကTaehyung ရဲ့ စပွန်ဆာကြီးလို့ မလိုသူတွေက သမှုတ်ကြသလို..