နှစ်ယောက်သားအမြဲလိုလို တယောက်အိမ်မဟုတ်ရင် တယောက်အိမ်မှာ ညစာရော ..ညစာရော စားကြသည်မှာနေ့တိုင်းဆိုရင်လည်းမမှားတော့..ဒီနေ့တော့အပြင်မှာညစာစားကြမည်ဟုချိန်းလိုက်သည်..
# Honey အလုပ်ပြီးရင်ထွက်ခဲ့နော် ကိုယ်စောင့်နေမယ် #
# အင်း Mr.Jeon #
ချိန်းထားတဲ့ နေရာကို အမြဲအချိန်တိကျတက်တဲ့ Taehyung ဟာ ချိန်းထားတဲ့ ချိန်ထက် နာရီဝက်နောက်ကျနေတာတောင်ရောက်မလာခဲ့..
ထိုအချိန်ဝင်လို့လာတဲ့ ဖုန်းစိမ်းကြောင့် တောက်တချက်ခေါက်ကာ ချလိုက်သည်..အကြိမ်ကြိမ်ခေါ်နေသောဖုန်းကြောင့် ဒေါသစိတ်နဲ့ကိုင်လိုက်တဲ့ သူဌေး Jeon..
" ဘယ်သူလည်း ဘာကိစ္စနဲ့ ခဏခဏဆက်နေတာလည်း "
" သူဌေး Jeon လား "
" မင်းကဘယ်သူလည်း "
" ကျွန်တော် ကျွန်တော် အာ့ Taehyung ရဲ့ မန်နေဂျာပါ Ho Hobi ပါ"
" Honey ဘယ်မှာလည်း မလာသေးဘူးလား မင်းရဲ့အသံကဘာဖြစ်နေတာလည်း "
" Taehyung ကို Taehyung ကို ဟာ့ ဟာ့ အာ့ လူတစုက ကျ်န်တော်ကားကိုပိတ်ရပ်ပြီး ဖမ်းခေါ်သွားပြီ ကျွန်တော် ကျွန်တော်မကာကွယ်လိုက်နိုင်ဘူး ခု သူတို့တွေမြို့မြို့ပြင်ကို ထွက်သွားကြပြီ "
" ဘာ!!!!"
Hobi မှာလည်း သူ့ဓားဒဏ်ရာရနေတာတောင် သူ့နားရောက်လာပြီး သူ့ကိုဆေးရုံတင်ပေးဖို့လုပ်နေတဲ့သူစီက ဖုန်းကိုတောင်းကာ သူဌေး Jeon စီ သတင်းပို့ပြီးတာနဲ့ သတိလစ်ကာလဲကျသွားတော့သည်..
CHARACTER
သူဌေးJeon လည်း သတင်းရတာနဲ့ကို မြို့ပြင်ကနေရာတော်တော်များများက သူ့အပိုင်တွေဖြစ်နေတာကြောင့် မသင်ကာတဲ့ကားမှန်သမျှကို cctv ကနေလိုက်ရှာပြီး သူထင်တဲ့ ကားနောက်ကို ခြေရာခံကာလိုက်လာခဲ့တော့သည်..
ထိုလူတွေဟာ Taehyung ရဲ့ ခေါင်းကိုအိတ်စွပ်ကာလက်ပြန်ကြိုးတုတ်လို့ဖမ်းခေါ်လာခဲ့ကြသည်..ကျယ်ဝန်းလှတဲ့ ခြံကြီးကိုဖြတ်ကျော်လာကာ ကြီးမားလှတဲ့ အိမ်ကြီးရှေ့အရောက် ကားကိုရပ်လိုက်ကြပြီး ကားပေါ်ကနေ Taehyung ကိုဆွဲခေါ်လို့လာကြသည်..