28

3.9K 240 3
                                    

မနက်ခင်း မန်နေဂျာ Hobi ရောက်လို့လာကာ အရင်လိုပဲ Taehyung အခန်းတံခါးကိုဖွင့်လို့ဝင်လာပြီး ဒီနေ့ရိုက်ကွင်းအတွက် အဝတ်အစားက ကြော်ငြာကုမ္မဏီဘက်က စီစဥ်ပေးပေမယ့်သွား
မယ့်နေရာက အေးတာကြောင့် ဗီဒိုထဲကနေ အနွေးထည်တို့ကိုထုတ်ကာလိုအပ်တာတွေပြင်ဆင်လို့ပြီးတော့ Taehyung မော်ဒယ်စဖြစ်ထဲလုပ်လာတဲ့ မန်နေဂျာတယောက်ဖြစ်သလို Taehyung ဝမ်းနည်းတိုင်းသူပါလိုက်ငိုပေးတဲ့အထိ Taehyung ပေါ်သံယောဇဥ်ကြီးတဲ့ အကိုကြီးလိုပါဖြစ်နေတာကြောင့် သူတို့နှစ်ယောက်ရင်းနှီးမှုကလည်း မိသားစုလေးလို.. အမြဲလိုလို အလုပ်ရှိရှိမရှိရှိ အိပ်ယာထနောက်ကျတက်တဲ့ Taehyung ကို မနက်တိုင်းနိုးရတာလည်း သူအဘုပ်တခုပေ..

ခုလည်း အခန်းထဲဆူညံစွာအထုတ်တွေထုတ်နေတာတောင် မနိုးတဲ့ Taehyung ကိုနိုးရန်စောင်ကိုဆွဲလှန်လိုက်ချိန်မှာတော့ ကျောပေးကာအိပ်နေတဲ့ Taehyung ရဲ့ ရင်ခွင်လေးထဲမှာ အပေါ်ပိုင်းအကျီချွတ်နဲ့ Taehyung ရဲ့ ခါးကိုဖတ်လို့ထားတဲ့ Tattoo တွေအပြည့်နဲ့လက်မောင်းကြီးကြောင့် Hobi မှာ တံတွေးမြိုချကာ စောင်ကိုဖြေးဖြေးခြင်းပြန်ခြုံပေးလိုက်တော့ ခုဏငြိမ်နေတဲ့လက်မောင်းကြီးက လှုပ်လို့လာသည်..

" ခင်များနောက်ခါ Honey အိပ်နေရင် အဲ့လိုစောင်ကိုဖယ်ပြီးမနိုးနဲ့ "

" nae သူဌေး Jeon "

အစက Taehyung ရင်ခွင်ထဲမှာအိပ်နေတာ ခုတော့ Taehyung ကသူ့ရဲ့ရင်ခွင်ထဲပြန်ရောက်လို့သွားပြီး Taehyung ရဲ့နဖူးလေးကို အနမ်းလေးတပွင့်ပေးလိုက်သည်..ဒါကိုကုတင်ဘေးကြောင်ပြီးရပ်ကြည့်နေတဲ့ မန်နေဂျာ Hobi..

" ဒီနေ့ဘာရှိလို့လည်း "

Taehyung အိပ်နေတာကိုမနိုးပဲ သူပဲထလာကာ မန်နေဂျာကိုမေးလိုက်သည်..

" ဒီနေ့ Jirisan ကိုသွားမှာပါ Hiking fashion
ကုမ္မဏီက ဒီဆောင်းရာသီအတွက် အဝတ်အစားကြော်ငြာရိုက်ဖို့ပါ "

" အင်း Honey ကိုဂရုစိုက်ပေးပါ တခုခုဆို ဖုန်းဆက်လိုက် "

" nae သူဌေး Jeon "

" အပြင်ကစောင့်နေလေ ငါနဲ့ Honey ရေချိုးပြီးထွက်ခဲ့မယ် "

" nae သူဌေး Jeon "

CHARACTER (complete) Where stories live. Discover now