17

6.4K 342 23
                                    

မနက်ခင်းအိမ်ရှေ့ဘဲလ်သံကြားလိုက်ရပြီး သိပ်မကြာပါဘူး တံခါးဖွင့်သံနဲ့အတူ အိမ်ထဲသို့ အထုတ်တွေဆွဲကာဝင်လို့လာတဲ့ မန်နေဂျာ Hobi..

ရေချိုးပြီးထွက်လာကာ အောက်ပိုင်းကိုသဘက်ပတ်ထားတာက ဆီးစပ်မွှေးတောင်ပေါ်လုလု အနေ အထား.ရေစိုနေတဲ့ ခန္တာကိုယ် နှင့် ခေါင်းလျော်ထားတာကို သုတ်ရင်းတန်းလန်းသဘက်အသေးတခုကိုခေါင်းမှာခြုံလို့ထားတဲ့ သူဌေး Jeon..

Taehyung အိမ်ထဲ သူဌေး Jeon ရောက်နေလို့အံ့သြကာလက်ထဲကအထုတ်တွေပါပြုတ်ကျလို့သွားပြီးထပ်မှန်မျက်လုံးပြူးနေပြန်သေးတာက အပေါ်ပိုင်းအဝတ်ဗလာနဲ့ကိုမှ ရေပါချိုးထားတာကြောင့်ပင်.

တဖြေးဖြေးသူအနားကိုလျှောက်လာတဲ့ သူဌေးJeon ရဲ့ ခန္တာကိုယ်အချိုးအစားကြောင့် မန်နေဂျာ Hobi မှာအားကျတဲ့အကြည့်တွေဖြင့်သာကြည့်နေမိတော့သည်..

သူကလည်း Taehyung ရဲ့မန်နေဂျာလိုရော ဘော်ဒီဂတ်လိုပါဖြစ်နေတာကြောင့် ခန္တာကိုယ်အချိုးအစားလေ့ကျင့်ထားသလို Taehyung ထက်တော့ ခန္တာကိုယ်တောင့်ဖြောင့်သူဆိုပေမယ့် သူဌေးJeon ကိုတော့မမှီသေး..

သူ့အနားကိုရောက်လာတဲ့ သူဌေးကို ကြည့်လိုက်တော့နေရာတော်တော်များများမှာ တယောက်ယောက်ကုတ်ဖဲ့ထားတဲ့ အရာကြောင့် Hobi တယောက်ဘာဆိုတာကောင်းကောင်းသဘောပေါက်သွားတော့သည်..

"သူ သူဌေးJeon "

" ဘာတွေဝယ်လာတာလည်း "

"ဟို ကျွန်တော် Taehyung စားဖို့ ဟင်းချက်ပေးဖို့ အတွက်ဝယ်လာတာပါ "

" ငါမေးတာ ဘာဝယ်လာလည်းလို့မေးတာ "

" ဟုတ်အသားနဲ့ အရွက်တွေပါ Taehyung က ဒီရက်ပိုင်း ဓာတ်ပုံရိုက်ကူးရေးရှိလို့ အစားအသောက်လျော့ရမှာမလို့ အရွက်သုပ်..."

" မကျွေးဘူး "

" ဗျာ "

"Honey နေမကောင်းဘူး "

သူဌေး Jeon က Taehyung နေမကောင်းဘူးလို့ပြောလိုက်တဲ့ချိန် Hobi မှာ စိတ်ပူကာ Taehyung အခန်းထဲပြေးသွားဖို့အလုပ် လက်မောင်းကနေလှမ်းဆွဲထားလိုက်ခြင်းခံလိုက်ရသည်

CHARACTER (complete) Where stories live. Discover now