5

6.9K 462 41
                                    

မနက်ခင်း ဂျပန်ကိုသွားဖို့ ပြင်ဆင်နေချိန် အိမ်ရှေ့ဘဲလ်သံကြောင့် Hobi ရော Taehyung ပစ္စည်းထည့်နေရင်း တယောက်မျက်နှာတယောက်ကြည့်နေမိတယ်..

" Hyung ဘယ်သူလည်း "

" ငါသွားကြည့်လိုက်အုံးမယ် "

Hobi လည်း အိမ်ထဲကနေအပြင်ကိုထွက်လာကာ ခြံတံခါးကိုဖွင့်လို့ကြည့်လိုက်တော့ Deli သမားက ပန်းစီးကြီး ကိုကိုင်လို့စောင့်နေသည်..

" အကို ဒီလိပ်စာအတိုင်းပန်းစီး ပို့ခိုင်းလိုက်
လို့ပါ "

" ဘယ်သူကလည်း "

" ပန်းဆိုင်ကပါ "

" ပန်းဆိုင်နာမည်ဘာလည်း ညီလေး "

" kiss me flower gift shop ပ အကို "

"ကျေးဇူး ငါ့ညီ "

ပန်းစီးကြည့်တာနဲ့ ဟိုနေ့က ပို့တဲ့သူမှန်းသိပေမယ့် ဘယ်သူဆိုတာမသိတာကြောင့် သိရလိုသိရညားမေးလိုက်ပေမယ့် Deli သမားကိုလည်း ပန်းဆိုင်ကပို့ခိုင်းတာကြောင့် မသိလိုက်ရပြန်..ပန်စီးကြီး ကိုင်လို့ အိမ်ထဲဝင်လာတေယ့ အိမ်ထဲမှာ ပစ္စည်းတွေစစ်ရင်းလှန်းကြည့်လိုက်တဲ့ Taehyung..

" Taehyung ရေ ဒီမှာ "

" လာပြန်ပြီလား "

" ငါထင်တာမှန်တယ် "

" ဘာကိုလည်း "

" ဒီပန်းစီးက သူဌေး Jeon ပို့တာသေချာနေပြီ..ပန်းဆိုင်နာမည်က Kiss me တဲ့ ဒီဖဲကြိုးက J နဲ့ဘာမှမဆိုင်ဘူး "

" ဘာလည်း ခုဖဲကြိုးမှာလည်းပါပြန်ပြီလား "

" အင်းပါတယ် အဲ့ဒါကြောင့်ပြောတာ..ထားတော့နောက်သိရမှာပဲ..လုပ်လုပ်သွားရအောင် ပန်းစီးကအိမ်မှာပဲထားခဲ့မယ်နော် "

"မထားလို့ယူသွားချင်သေးလို့လား "

CHARACTER

Taehyung နဲ့ Hobi ဟာ လေယာဥ်ပေါ်တူတူတက်လာခဲ့ကြသည်.အစကတော့နှစ်ယောက်သား အရှေ့ကပရိတ်သက်တွေရဲ့အသံတွေကြောင့် ဆူညံနေတာနဲ့အမှတ်တမဲ့ဖြစ်ကာ Taehyung ကလည်း သူ့ပရိတ်သက်တွေကို နှုတ်ဆက်လို့နေတာနဲ့ အမှုမဲ့အမှတ်မဲ့နဲ့လေယာဥ်ပေါ် စကားတပြောပြောတက်လာခဲ့သည်..

CHARACTER (complete) Where stories live. Discover now