Restaurant ရဲ့ private room ထဲ အလုပ်အကြောင်းပြောဖို့ ပညာရေးမှုးသားနဲ့တွေ့ဖို့ရောက်လို့လာတဲ့ မန်နေဂျာ hobi နဲ့Taehyung..တဖက်က အရင်တခါကလည်း ကျောင်းအတွက်ကြော်ငြာရိုက်ဘူးသလို ခုလည်း Tae နဲ့ကြော်ငြာရိုက်ဖို့အတွက် ကမ်းလှမ်းလာတာကြောင့် ဆွေးနွေးဖို့ရောက်လာခြင်းဖြစ်သည်..
" Tae ထိုင်ပါ "
" nae. hyung ထိုင်လေ "
" အရင်စားကြရအောင် Tae ပြီးမှအေးဆေးပြောကြတာပေါ့ "
"ဟုတ် အဆင်ပြေပါတယ် "
အစားအသောက်တွေရောက်လာကာ စားသောက်ကြပြီးမှသာ အလုပ်အကြောင်းစတင်ပြောချိန်မှာတော့ မန်နေဂျာ Hobi မှာ ဗိုက်နာလာတာကြောင့် မျက်စိပျက်မျက်နှာပျက်ဖြစ်လို့လာသည်...
Taehyung ကိုလည်းတယောက်ထဲထားခဲ့ရမှာစိတ်မချတာကြောင့် တက်နိုင်သလောက်အောင့်နေပါသော်လည်း သူအခြေအနေကိုရိပ်မိသွားတဲ့ Taehyung ဟာ..Hobi ရဲ့လက်ကိုလှမ်းကိုင်ကာ ခေါင်းလေးညိတ်ပြလိုက်သည်..
"ဗိုက်မကောင်းလို့ထင်တယ် မန်နေဂျာက "
"အာ ဟုတ် Hyung က နည်းနည်းအစားရွေးတယ် "
"မန်နေဂျာလုပ်တာကြာပြီလား "
"ကြာပြီ "
Hobi ထွက်သွားပြီး ခဏအကြာမှာပဲ ထိုင်နေရာကနေထကာ Taehyung ကို စကားတပြောပြောနဲ့အခန်းတံခါးကိုလော့သွားချလိုက်တာကြောင့် Tae ဟာ ထိုင်နေရာကနေထလိုက်ပြီး ထိုလူကိုကြည့်လိုက်တော့ ပြုံးပြနေတဲ့ ထိုလူမျက်နှာက ကြောက်ဖို့အလွန်ပင်ကောင်းနေသည်..
"ဘာလို့လည်း CEO.Lee "
" ဘာလို့လည်းသိချင်လား Tae "
မက်တပ်ရပ်လို့နေတဲ့ Taehyung အနားကိုရောက်လို့လာကာ Taehyung ရဲ့မျက်နှာကို လက်ခုံဖြင်စတင်ပွတ်သပ်ကာ ထိကပါးရိကပါးစတင်လုပ်လို့လာသည်..
"ခင်များဖယ်စမ်း "
" ကိုယ်မင်းကိုချစ််တယ် Tae "
ပါးပြင်ကနေတဖြေးဖြေးအောက်သို့ဆင်းကာ ပွတ်လို့လာတဲ့ လက် အဓိကနေရာအရောက်လောက်မှာပဲ Tae ဟာ သူလက်နဲ့စမ်းမိထားတဲ့ စားပွဲပေါ်က ခရင်းနဲ့ထိုလူရဲ့လည်ပင်းကို ပထမတချက် အားနဲ့ထိုးစိုက်လိုက်ချိန်မှာပဲ ထိုလူဟာ အသံပင်မထွက်နိုင်တော့ မျက်လုံးကြီးပြူးကာ ထိုးခံထားရတဲ့ လည်ပင်းကိုကိုင်လို့ တအအနဲ့ ဖြစ်နေချိန်မှာပဲ Tae ဟာ ထိုးစိုက်ထားတဲ့ခရင်းကိုပြန်ဆွဲထုတ်လိုက်သည်..အဲ့တော့မှပဲ ပန်းထွက်လာတဲ့ လည်ပင်းသွေးဟာ ထိုလူတကိုယ်လုံးကိုရွဲဆိုသွားသလို Taehyung ကိုယ်မှာလည်းစင်လို့သွားသည်..