7

6.3K 445 37
                                    

ခန်းနားလှတဲ့ အိမ်အောက်ထပ် မီးဆိုင်းကြီးကြီးတွေက moden ဒီဇိုင်းဆန်ဆန် လှေကားတွေက မှန်တွေနဲ့သာပြုလုပ်ထားတာကြောင့် Taehyung မှာ ဆင်းတာတောင်ခြေဖြားလေးထောက်လို့..

ရှေ့ကနေဆင်းသွားတဲ့ သူဌေး Jeon ရဲ့ shoe ဖိနပ်နဲ့ မှန်ရဲ့ ထိမိလိုက်တိုင်းထွက်လို့လာတဲ့ အသံက Taehyung မှာရင်တထိပ်ထိပ်..

ကြီးမားလှတဲ့ အိမ်ကြီးကို ဟိုကြည့်ဒီကြည့်နဲ့လေ့လာနေတဲ့ Taehyung..ထမင်းစားခန်းထဲ ရှည်လျားလှတဲ့ စားပွဲခုံရဲ့ ထိပ်မှာရပ်လို့နေတဲ့ သူဌေး Jeon..

Taehyung လည်းသူ့နားကိုရောက်တော့ သူ့ရဲ့ဘေးက ခုံကိုဆွဲကာအရင်ထိုင်စေသည်.
Taehyung ထိုင်ပြီးမှသာ ထိပ်ဆုံးကခုံမှထိုင်လိုက်တဲ့ သူဌေး Jeon..

"Honey သုံးဆောင်ပါအုံး အကြိုက်တွေ့ပါမလားတော့မသိပေမယ့် Korea မှာကျန်ခဲ့တဲ့ အတွင်းရေးမှုးက မင်းရဲ့ Fan တဲ့မင်းအကြိုက်တွေပြောပြထားလို့ ကို စီစဥ်ထားတာ "

" အစားအသောက် ကျွေးမွေးတဲ့အတွက်ကျေးဇူးပါ "

Taehyung လည်း သူရှေ့ပန်းကန်ထဲက အသင့်လှီးပေးထားတဲ့ အသားအနည်းငယ်ရယ် လက်လှန်းမှီတဲ့ ပန်ကန်ထဲက အစားသောက်အနည်းငယ်ကို ဗိုက်ပြည့်ယုံလောက်သာ ယူစားလိုက်သည်..

" Honey ဖြေးဖြေးစားပါ အစာမကြေရင်နေရခက်နေမယ် "

" ခင်များအပူမပါဘူး ကျွန်တော်ပြီး ရင် မန်နေဂျာ Hobi ကိုတွေ့ချင်တယ် "

" ခုချိန်ဆို အနောက်ဆောင်က တံခါးပိတ်သွားပြီ အစောင့်တွေပဲရှိတော့မှာ "

" သူထွက်လို့မရရင် ကျွန်တော်သွားမယ် "

Taehyung ဟာ စားပွဲပေါ်က လက်ကိုင်ပုဝါလေးနဲ့ နှုတ်ခမ်းကိုသုတ်ကာ ထိုင်နေရာကနေထပြီးထွက်သွားဖို့လုပ်တော့..

" မင်း အနောက်ဆောင်ကို ခြေခြလိုက်တာနဲ့ အဲ့အဆောင်ထဲက ရှိတဲ့သူ မင်းမန်နေဂျာပါ အပါ မနက်ခင်းအသက်မဲ့နေ့တာမြင်ချင်ရင် မင်းသွားလိုက် "

" ဒါဘယျလိုအဓိပ္ပါယ်မရှိတဲ့ စကားလည်း "

" ငါ့ နေရာ ငါ့ပိုင်နက်မှာ ငါ့စည်းကမ်းဆိုတာရှိတယ် ဒါကို Honey နားလည်အောင် ကို ရှင်းမပြနိုင်ဘူး ဒီလောက်ပြောရင် Honey သဘော ပေါက်မှာပါ "

CHARACTER (complete) Where stories live. Discover now