6

6.7K 459 30
                                    

ဂျပန်နိုင်ငံရဲ့ လေယာဥ်ကွင်းထဲ သူ့ကိုယ်ပိုင်
လေယာဥ်ကွင်းအလား ထင်မှတ်ရလောက်အောင် လေယာဥ်နားမှာစောင့်လို့နေတဲ့ အနက်ရောင်ပုံစံတူ ကား10 စီး ..ထိုကားတွေကြားမှာမှ အနက်ရောင် lamborghini ကားတစီး..

လေယာဥ်လှေကားပေါ်ကနေမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Taehyung မှာ လေယာဥ်ပေါ်ကနေတောင်ဆင်းဖို့တွန့်သွားသည်..

သူရဲ့မန်နေဂျာ Hobi နဲ့ သူဌေး Jeon ရဲ့ တပည့်တွေကတော့ လေယာဥ်အောက်တောင်ရောက်လို့နေပြီ..

သူရဲ့ရှေ့ကနေ သူဌေး Jeon က ကုတ်အကျီကြယ်သီးတက်ရင်းလေယာဥ်ပေါ်ကဆင်းသွားတော့ အောက်မှာရှိတဲ့ သူတွေဟာအားလုံး လိုလို အရိုအသေပြုပြီသား သူတို့ကြားထဲ မန်နေဂျာ Hobi ပါ အယောင်ယောင်အမှားမှားနဲ့ အရိုအသေပေးနေမိတော့သည်..

Taehyung ဆင်းလာတဲ့အထိ အကုန်လုံးက အရိုအသေပေးမပျက်သေး.. Taehyung လည်း ဟိုကြည့်ဒီကြည့်နဲ့ မန်နေဂျာ Hobi နားသွားမလို့လုပ်တော့ လက်ကိုလှမ်းဆွဲထားတဲ့ သူဌေး Jeon..

" ဘာလုပ်ပြန်တာလည်း ခင်များ."

Taehyung က သူလက်ကိုဆွဲထားတာကြောင့် မျက်မှောင်လေးကျုတ်ကာ မေးလိုက်တော့ နှုတ်ခမ်းတဖက်သာ တွန့်ကွေးလုသာသာ ပြုံးလိုက်ပြီး ခေါင်းလေးစောင်းပြကာ လက်ကိုဆွဲကာ ခုဏတစီးထဲသော အမျိုးအစားကွဲနေတဲ့ ကားစီဆွဲခေါ်ခြင်းခံလိုက်ရသည်..

" Hyung "

" Taehyung လိုက်သွား မလိုက်လို့လည်းမရဘူး"

မသိရင်ပြန်ပေးဆွဲခံနေရတဲ့အထာ..Taehyung မှာလည်း သူဌေး Jeon နောက်ယက်ကန် ယက်ကန်နဲ့ Hobi ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ပါသွားသလို..Hobi မှာလည်း သူဌေးJeon ရဲ့ တပည့်တွေနဲ့လိုက်လာခဲ့ရသည်..

ကားပေါ်ရောက်တော့လည်းပြန်ဆင်းဖို့လုပ်နေသေးတဲ့ Taehyung ကိုလက်ကနေဆောင့်ဆွဲလိုက်တော့..Taehyung ရဲ့ ကိုယ်လုံးလေးဟာ ကားထဲမှာပေလို့ပဲတော်တော့တယ် ဆွဲဆောင့်လိုက်တဲ့ အရိုန်က ခန္တာကိုယ်လေးကတဘက်
လှည့်ကာ ဘေးက သူဌေးJeon က သူဘက်စောင်းနေတာနဲ့ မျက်နှာခြင်းဆိုင်ဖြစ်လို့သွားသည်..သူဌေး Jeon ဟာ ပြုံးတယ်ဆိုယုံအပြုံးမျက်နှာဖြင့် Taehyung ရဲ့မျက်ဝန်းလေးကိုသေချာစိုက်ကြည့်ကာ..

CHARACTER (complete) Where stories live. Discover now