Taehyung ဟာ သူဌေး Jeon ရဲ့ အံဆွဲထဲက သေနတ် ကိုထုတ်ကာ သူ့ကိုကျောပေးကာ TV ကြည့်နေတဲ့ သူဌေးJeon ကိုချိန်လို့ထားသည်. အရက်ခွက်လေးကိုင်ရင်းတဖက်ပြန်လှည့်လာချိန်မှာတော့ Taehyung ရဲ့အပြုအမှူကြောင့် သူဌေး Jeon မျက်မှောင်ကျုတ်သွားကာ..
" ဘာလည်း Honey "
" ခင်များက ခင်များက Jeon Jungmin ရဲ့ညီဟုတ်တယ်မဟုတ်လား "
Taehyung ရဲ့အမေးမှာမျက်နှာပျက်လို့သွားတဲ့ .ဒါဆို ဒီကိစ္စတွေအားလုံးကြောင့် သူ့ကို Taehyung ကချဥ်းကပ်ခဲ့တာ သူကိုကောင်းကောင်းကြီးအသုံးချခဲ့တာပေါ့ နောက်ပြီး အကိုယ့် အစားသူ့ကိုကလဲ့စားချေချင်ခဲ့တာ..
" Honey "
" ကျွန်တော်အစောကြီးထဲက အကုန်သိပြီးသား ခင်များ လိမ်ဖို့မကြိုးစားနဲ့ "
" ဒါဆို ကိုယ့်ကိုခုမှဘာလို့လည်း မင်းကိုယ့်ကိုချစ်ခဲ့တာကရော အားလုံးဟန်ဆောင်ခဲ့တာလား..မင်းကလဲ့စားချေလို့ရအောင် မင်းကိုယ့်ကို အသုံးချခဲ့တာလား မင်းကိုယ့်ကို နည်းနည်းလေးတောင်မချစ်ခဲ့ဘူးလား Honey..နည်းနည်းလေးတောင်မှလေ ဟမ် "
Taehyung ဘက်က မည်သည်စကားတခွန်းမှထွက်မလာခဲ့..
" ပစ်လေ ပစ်လိုက် Honey..ကိုယ့်အကိုကြောင့် မင်းအမ သေဆုံးသွားရတာကို မင်းကလဲ့စားချေချင်လို့ ဘာမှမဆိုင်တဲ့ ကိုယ့်ကိုသေစေချင်တယ် မင်းကျေနပ်မယ်ဆို ပစ်လိုက် Honey ကိုယ်ကျေကျေနပ်နပ်ကြီးအသေခံလိုက်မယ် "
သူ့ချိန်ရွယ်ထားတဲ့ သေနတ်နားကို အရက်ခွက်လေးကိုလှုပ်ရင်းရှေ့တိုးလာတဲ့ သူဌေးJeon.. သေနတ်ကို သူရဲ့ရင်ဝတည့်တည့်သို့ သူကိုတိုင် ရွေ့လိုက်တဲ့ သူဌေး Jeon..
" ပစ်လိုက် ပစ်လိုက်စမ်းပါ မင်း ကိုယ့်ကိုနည်းနည်းလေးတောင်မှ မချစ်ခဲ့ဘူးဆိုရင်ပေါ့"
" ခင်များ "
"မင်း သာ ပစ်မယ်ဆို ဒီကောင်က ရဲရဲကြီး သေပေးဖို့ အသင့်ပဲ Honey "
Taehyung ဟာ သူဌေးJeon ရဲ့ ရင်ဝမှာတေ့လို့ထားတဲ့ သေနတ်ကိုဆွဲဖယ်ကာ အနောက်စင်ပေါ်က အရက်ပုလင်း 5 ပုလင်းကို တပြိုင်ထဲ ငါးချက်ပစ်လိုက်သည်ကို လှည့်ကြည့်ပြီး သူစုံစမ်းထားတာတွေဟာ တကယ်ဆိုတာသက်သေပြနေသလို..