သူရဲ့ရှေ့ကနေ အိမ်ထဲသို့ဝင်သွားတဲ့ သူဌေး Jeon က သူဘက်ပြန်လှည့်ကာ ခေါက်ဆွဲစားတော့မလားလို့ မေးပေမယ့် Taehyung ကတော့ လွယ်ထားတဲ့ ကျောပိုးအိတ်ကိုပစ်ချကာ သူဌေး Jeon ရဲ့ခါးကိုသိုင်းကာဖတ်လို့ ရင်ခွင်နဲ့ မျက်နှာအပ်လိုက်သည်.
Taehyung ရဲ့ ထူးဆန်းနေတဲ့အပြုအမှုကြောင့် သူဌေး Jeon မှာ နဲနဲတော့ အံ့သြသွားမိတယ်..
Taehyung ကလည်း ခုလိုသူရဲ့ရုပ်တရပ်ဆန်တဲ့ အပြုအမှုကြောင့် သူဌေး Jeon အံ့သြနေမှာသိသည်.." ကျွန်တော် အရမ်းပင်ပန်းနေလို့ ခဏ...အ့ "
သူ့ ရဲ့ကိုယ်လေးကို တင်ပါးကနေမချီလိုက်ခြင်းခံလိုက်ရတာကြောင့် Taehyung မှာ လန့်သွားရပြန်သည်..ဆိုဖာမှာထိုင်လိုက်တော့ Taehyung ကသူဌေး Jeon ရဲ့ပခုံးလေးပေါ်ခေါင်းလေးမှီလို့နေကာ သူဌေး Jeon က Taehyung ရဲ့ကိုယ်လုံးလေးကိုဖတ်လို့ထားသည်.
" ခဏမဟုတ်ဘူး တဘဝလုံးစာ မောင့် ရင်ခွင်ကြီးက Honey တယောက်ထဲအတွက်ပဲဆိုတာမြဲမြဲမှတ်ထား ကြားလား "
" အင်း "
မကြာသောအချိန်အတွင်းမှာပဲ Taehyung ရဲ့ အသက်ရူသံပြင်းပြင်းလေးထွက်လာတာကြောင့် ရင်ခွင်ထဲကိုငုံ့ကြည့်လိုက်တော့ အိပ်ပျော်နေတာနဲ့ပဲ ပွေ့ချီလျက်သား အခန်းထဲသို့ဝင်လာကာ မွေ့ယာပေါ်အသာအယာချလို့ နိုးလာရင်စားဖို့ ခေါက်ဆွဲပြင်ဖို့ မီးဖိုခန်းသို့ထွက်လာခဲ့လိုက်သည်..
CHARACTER
ခေါက်ဆွဲကအစ သေချာဂျုံနှယ်ပြီးပြုလုပ်နေတာလတ်လတ်ဆတ်ဆတ် ..အသား အသီးအရွက် သေချာလေးပြင်ဆင်ပြီး Taehyung ပြန်နိုးလာမယ်အချိန်ကို စောင့်ရင်း ရေချိုးနေလိုက်သည်..
သူရေချိုးပြီးထွက်လာတာတောင် Taehyung က မနိုးသေးတာကြောင့် လုပ်ရမယ့်စာရင်းကိုသာလုပ်နေလိုက်တော့သည်.စာရင်းတွေစစ်ရင်း စိတ်တွေတိုနေပြန်တဲ့ သူဌေး Jeon.
မနက်က ပစ္စည်းတွေ ဗီယက်နန်နိုင်ငံကို ပို့ရင်း ပင်လယ်ထဲမှာ အလုခံရလို့ ဟိုဘက်ဒီဘက်ပစ်ခက်ကြရင်းသူလူတွေလည်းတော်တော်များများထိခိုက်သလို ပစ္စည်းတန်ချိန်တွေလည်း တော် တော် များများ ပျက်စီးသွားတာကြောင့် မနက်ကစိတ် အခြေ အနေက တကယ်ကိုအချဥ်ပေါက်နေတာ သူ့ရဲ့ပျားရည်လေးက လွမ်းနေတယ်ဆိုပြီး ဖုန်းဆက်လာမှသာ အချဥ်ကိုပျားရည်လေးဖုံးအုပ်လိုက်သလိုပင် စိတ်အခြေ အနေအားလုံးက ချိုလို့သွားသည်..