ဒီရက်ပိုင်း မျိုးစုံသောကြော်ငြာရိုက်ကူးရေးတွေကြောင့် မအားလပ်တဲ့ Taehyung..ခုလည်း တမနက်လုံးရိုက်လိုက်ရတဲ့ဓာတ်ပုံက အခုမှ ခဏလေးနားရသည်..
" Kim Taehyung ဘာဖြစ်နေတာလည်း ရုပ်လေးကိုခုဏဓာတ်ပုံရိုက်သလိုပြုံးထားစမ်းပါ "
" Hyung ပြီးသေးဘူးလားဟင် တကယ်လေ ဒီလောကထဲကနေအနားယူချင်နေပြီ "
" အောင်မယ်မသိရင်သူ့က်ိုသူ ဝါရင့်မော်ဒယ်ကြီးကြနေတာပဲပြောနေတာ ခုမှလုပ်သက်နုနုလေးနဲ့ အနားယူချင်နေပြီပေါ့ဟုတ်လား Taehyung "
" Hyung ကလည်းလုပ်သက်နုလည်းမလုပ်ချင်နားမှာပဲ ခုတောင်ကျွန်တော်စိတ်ပါနေသေးလို့မဟုတ်ရင်နားပြီ "
" အေးပေါ့ကွာ ချစ်သူက နိုင်ငံကျော်သူဌေးကြီးဆိုတော့ပြောအားရှိတာပေါ့ "
" Hyung နော် အစမဖော်နဲ့ တမနက်လုံး ဖုန်းမဆက်လို့တခုခုလိုနေသလိုကြီးခံစားနေရတာ "
" ဟိုနေ့က ငါလေ တကယ်သူဌေးJeon ကိုထိုင်တောင်ကန်တော့ချင်သွားတယ် မင်းကိုရှာမတွေ့တော့ဘူးထင်ထားတာ သူဌေး Jeon ရောက်လာလို့ပေါ့ "
" သူက ကျွန်တော်ကိုချစ်တာကို Hyung ကမှကျွန်တော်ကိုမချစ်တာ ကိုယ့်ညီလေးမပါလာတာတောင်မသိရအောင် လေပေါနေတာလေ ဟွန့် "
D " Taehyung စကြမယ်ဟေ့ "
" nae "
CHARACTER
" ဘာပွဲလည်း "
" ဥက္ကဌကြီး တက်ခိုင်းတဲ့ပွဲပါ ဘာပွဲလည်းဆိုတာမသိရပါဘူး "
" မင်းက ငါ့အတွင်းရေးမှုးလား.အဖေအတွင်းရေးမှုးလား ဘာပွဲမှန်းမသိပဲငါကတက်စရာလား "
" ဒီမှာပါသူဌေးJeon "
သူဌေးJeon ရဲ့ရှေ့ စားပွဲပေါ်ဖုန်းလေးတင်ပေးလိုက်တဲ့ အတွင်းရေးမှုး ဖုန်းထဲက အသံသွင်းထားတဲ့ ဖိုင်လေးကိုဖွင့်ပြလိုက်သည်..
# မင်းအဲ့လိုရှည်နေမယ်ဆိုတာသိလို့ အသံတခါထဲသွင်းပေးလိုက်တာ ငါတက်ဆိုတက်လိုက် ပြန်မမေးနဲ့ #
" ဘယ်အချိန်လည်း "
" မနက် 10 နာရီပါ သူဌေး "
အဖေလွှတ်တဲ့ပွဲဆိုလို့ဘာများလည်းမှတ်တယ် သတင်းစာ ရှင်းလင်းပွဲ ဘာအကြောင်းကိုအဓိက အရင်းတည်ရှင်းစေချင်တာလည်းဆိုတာ ပထမဆုံးမေးခွန်းမှာတင်သိလိုက်ပြီ..