" လန်းဆန်းသွားအောင်တခုခုလုပ်ရအောင် Mr.Jeon "
အပေါ်အကျီကိုချွတ်ကာ ရေကူးကန်ရှိရာ သွားလို့ရေကူးကန်ထဲခုန်ဆင်းလိုက်တဲ့ Taehyung..
ရေကူးကန်ထဲကနေ လက်ယက်ကာ သူဌေး Jeon ကိုလှမ်းခေါ်လို့နေတဲ့ Taehyung ရဲ့ပြုံးပျော်နေတဲ့ မျက်နှာလေးကိုကြည့်လို့ သူပါရေထဲခုန်ဆင်းလိုက်တော့သည်..ရေထဲက Taehyung ရဲ့ခါးလေးကိုဆွဲဖတ်ကာ
ခန္တာကိုယ်ချင်းပူးကပ်လို့ ခါးလေးကိုပင့်ကာဖတ်လိုက်ပြီး. ခေါင်းချင်းဆိုင်ကာ မျက်နှာခြင်းနီးကပ်လှတဲ့အခြေအနေ.." ပျော်လား Honey "
" ခင်များရှိနေရင်ပေါ့ "
" ကိုယ့်အသဲတွေကို တစစီ ချွေနေတာလား "
"ဟင့်အင်း နည်းနည်းစီ စားသုံးမှာ ဘယ်လိုလည်း ကျွေးမှာလား "
"ဟားဟားဟား ခုစားမလား Honey "
Taehyung ဟာ သူဌေး Jeon ရဲ့ပခုံးပေါ်လက်တဖက်တင်လို့ ကျန်လက်တဖက်က မေးရိုးကိုလက်ဖြင့်အုပ်ကာကိုင်လို့ထားသည်..ရေစိုနေတဲ့ခေါင်းကရေစက်တို့က နှာတင်တလျှောက်စီးကာကျလို့နေသည်..Taehyung ဟာ သူဌေး Jeon ရဲ့ နှုတ်ခမ်းကိုအရင်နမ်းလိုက်သည်..
" အင်း "
ပွင့်ဟနေတဲ့နှုတ်ခမ်းတွေက အပေါ်နှုတ်ခမ်းအောက်နှုတ်ခမ်းတလှည့်စီစုပ်ယူနမ်းရှိုက်လို့နေသည်..ဘယ်တပြန်ညာတပြန်ခေါင်းတို့စောင်းကာ နှုတ်ခမ်းနှစ်ခုမလွှတ်တမ်းအသံမြည်လောက်အောင်ကိုအနမ်းတို့ပေးပြီး အကြည့်ခြင်းစုံပြန်ကာ
" ကိုယ်မင်းကို ချစ်တယ် Honey "
သူဌေး Jeon ဘက်က ချစ်တယ်လို့ခဏခဏပြောတက်ပေမယ့် Taehyung စီကတော့အပြုံးလေးတပွင့်သာပြန်ရတက်သည်. ခုလည်း သူဌေး Jeon ရဲ့မျက်နှာကိုကြည့်ကာအပြုံးလေးသာပြန်ပေးလိုက်ပြီး နှုတ်ခမ်းကိုခပ်ဖွဖွလေးအနမ်းပေးပြန်သည်..
" မင်းရဲ့အထိအတွေ့လေးတွေ မှာ ကိုယ်ဟာအရှုံးသမားတယောက်လိုပါပဲ Honey "
ရေကူးကန်ထဲမှာ Taehyung ကိုယ်လုံးလေးကို တဖက်သို့လှည့်ကာ သူ့ကိုကျောပေးစေပြီး ရေကန်ဘောင်မှာကပ်လို့ထားကာ အနောက်ကနေပခုံးသားတယောက်အနမ်းတို့ပေးသည်..